အခန်း◀၁၃▶

1.9K 201 1
                                    

'' ခေါင်ဘုန်း နေကောကောင်းရဲ့လားဟင် ''

နားထင်ကိုလက်မဖြင့်ထောက်ကာ နဖူးကိုလက်ချောင်းများဖြင့်အုပ်လျက်ငြိမ်နေမိရာက အသံကြားမှသူသတိဝင်လာသည် ။ စားပွဲပေါ်သယ်လာသည့် မုန့်နှင့်သောက်စရာတွေကိုချရင်း ခေါင်ဘုန်းရှေ့ကခုံလွတ်မှာဝင်ထိုင်လိုက်သည့် မြသားသွင် ။

အရိပ်ကြည့်နေသည့် မျက်လုံးများကိုခပ်ယဲ့ယဲ့အပြုံးဖြင့်သာတုံ့ပြန်ဖြစ်သည် ။

'' ကောင်းပါတယ် ခေါင်းနည်းနည်းမကြည်တာပါ အိပ်ရေးသိပ်မဝလို့ထင်တယ် ''

'' ညကျဘာတွေလုပ်နေလို့အိပ်ရေးကမဝရတာလဲ . . နားချိန်နားမှပေါ့ ခေါင်ဘုန်းရဲ့ အလုပ်ကအခုမှအရှိန်ရစကို လူလဲကျန်းမာရေးဂရုစိုက်ဦး ပြောကာမှရှင့်ကိုကြည့်ရတာနည်းနည်းတောင်ပိန်သွားသလိုပဲ . . ''

ရေခဲတုံးကလေးများပေါလောပေါလောမျာနေသော အမြုပ်ဖြူ ဖြူ ဖုံးနေသည့်ကော်ဖီအေးခွက်ကိုသာ လှမ်းယူလိုက်ပြီးတမြုံ့မြုံ့စုပ်၍သူငြိမ်နေမိသည် ။ မကြည်မလင်ငြီးစီစီဖြစ်နေသော ခေါင်းကိုနည်းနည်းပဲ သက်သာလိုငြား ။

ဂရုစိုက်ရမှာက လူကျန်းမာရေးမဟုတ်ပဲစိတ်ကျန်းမာရေးသာ ။ မြတ်ခေါင်ဘုန်းဟာ ခုတလောစိတ်ကိုမကြည် ။ မိုးအုံ့မှိုင်းသောရာသီဥတုတစ်ခုကိုရောက်နေသလို အုံ့မှိုင်းလေးလံသောစိတ်အခြေအနေမျိုးဖြစ်နေပါသည် ။

အလုပ်ကလည်းပုံမှန်ဆိုမထောင်းတာပေမယ့် စိတ်ကမကြည်တော့ပင်ပန်းတာကသိသာသည် ။ တစ်နေ့လုံးအလုပ်ထဲနစ်နေ ။ ညကျတော့ အတွေးများနေသဖြင့်အိပ်မပျော် ။ တစ်မှေးလောက်သာမှေးပြီး မိုးလင်းပေါက်သည့်ညများက ရက်ဆက်လာတော့ လူကိုပါဒဏ်ပိလာကာ နေထိုင်မကောင်းတော့ ။

'' ဆံပင်တွေတောင်ရှည်နေပြီလိုပဲ နေလို့မကောင်းရင် ဆံပင်နည်းနည်းတိလိုက်ဦးလေ ပေါ့သွားတာပေါ့ ခေါင်ဘုန်းရဲ့ ''

'' အင်း ဟုတ်တယ် ဆံပင်လည်းနည်းနည်းညှပ်ရမယ် အာရုံမရတာနဲ့ ''

ခေါင်ဘုန်းကိုယ့်ခေါင်းပေါ်ကဆံပင်တစ်ချောင်းနှစ်ချောင်းကိုလှမ်းဆွဲကြည့်မိသည် ။ ဟိုလန်ဒီလန်နဲ့ ဖြီးသင်ပုံသွင်းဖို့ခက်ခဲလှတဲ့ သူ့ဆံပင်တွေက နှစ်ပတ်သုံးပတ်တစ်ခါလောက်မဖြစ်မနေ ပုံသွင်းပေးတိပေးရပါသည် ။

သက်ဆုံးတိုင်||completed||Where stories live. Discover now