အခန်း◀၂၂▶

1.6K 164 0
                                    


'' ကျောင်းကန်တင်းမှာ ဘာမှထွေထွေထူးထူးကောင်းကောင်းကန်းကန်းမရှိဘူး . . ကိုထိုက်တန်ကိုမုန့်လိုက်ကျွေးရမှာတောင် အားနာတယ် . . ''

ဘေးကယှဉ်လျောက်လာသည့် ညီမင်းညိုကိုငုံ့မိုးကြည့်ရင်း ထိုက်တန် ကြည်ကြည်နူးနူးပြုံးပြမိသည် ။ အရပ်ကလေးကကိုယ့်ထက်နည်းနည်းနိမ့်နေသေးတာမို့ ညီမင်းနဲ့အတူလမ်းလျောက်တဲ့အခါဖြစ်စေ ယှဉ်ပြီးရပ်မိတဲ့အခါဖြစ်စေ ညီမင်းညိုကို ငုံ့ကြည့်ပြီးစကားပြောရတာကို သူအရမ်းသဘောကျပါသည် ။

လုံလုံခြုံခြုံ နွေးနွေးထွေးထွေးစောင့်ရှောက်ယုယပေးချင်စရာလေး . . အရိပ်မိုးပေးချင်စရာကလေးလေး . . .

ဆွေရင်းမျိုးရင်းသွေးရင်းတွေရှိပါလျက် သူစိမ်းတွေလက်ထဲကြီးရရှာတယ်ရယ်လို့လဲ . . နဂိုအချစ်မှာ ကရုဏာတွေတထွေတမပြိုကျသက်ဆင်းကာ ကြင်နာသနားရပါသေးသည်။
(မြတ်ခေါင်ဘုန်းကြားရင်တော့သတ်ချင်မလားမသိပေမယ့်ပေါ့လေ )

'' ပန်းနုရောင်ကော . . ဇေယျာကော အတန်းရှိနေတာ . . ကျွန်တော်တစ်ယောက်ထဲနဲ့ ကိုထိုက်တန်တော့ပျင်းနေတော့မှာပဲ . . တခါတလေလေးလာလည်တာကို မုန့်ကလည်းကောင်းကောင်းကျွေးစရာမရှိ . . ''

တမော့မော့ကြည့်ရင်း အားတုံ့အားနာလေးပြုံးနေသော ညီမင်းညိုရှေ့မှာ မရယ်မောလိုက်မိအောင် သူမနည်းအောင့်အည်းနေခဲ့ရပါ၏ ။

ရေတစ်ခွက်ပဲသောက်ရရင်တောင်ကိစ္စမရှိလို့ နည်းနည်းမှအားမနာပါနဲ့ ညီ . .အဲ့ဒီ တစ်ယောက်ထဲဖြစ်နေမယ့်အချိန်လေးကိုပဲ မနည်းစောင့်စားပြီးအရောက်လာခဲ့ရတာမို့လို့ပါဗျာ . . .

ပန်းနုရောင်ဆီကနေ ဇေယျာကော သူကောနှစ်ယောက်လုံး ဒီမနက် tutorial တွေရှိတာကိုအတည်ပြုပြီးတော့မှ ကျောင်းကိုရောက်လာခဲ့တာ . . ဒီရောက်တော့မှ ညီ့ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဂျီကျဆွဲထုတ်ပြီး မုန့်လိုက်ကျွေးခိုင်းမယ်အတွေးနဲ့ . .

အိမ်မှာလဲတွေ့နိုင်တာပေမယ့် ဘယ်နေရာကြည့်ကြည့်မြတ်ခေါင်ဘုန်းအရိပ်ထိုးနေမယ့်အရပ်ဒေသမှာတော့ ထိုက်တန် ညီ့ကိုမတွေ့လို . .

သက်ဆုံးတိုင်||completed||Where stories live. Discover now