အခန်း◀၄၃▶ (Final)

6K 242 21
                                    

.

'' အိုး . . ''

'' sorry . . ယူမလို့လား . .ယူလေ . .''

'' ဟုတ် ဒီဘက်ကကော်ဖီထုတ်လေး တစ်ချက်လောက် ''

'' အာ . . ဟုတ်ပြီ . . ''

လက်ချင်းတိုက်မိသည့်ကောင်မလေးက သူ့ကိုကြည်ကြည်လင်လင်ကြီးပြုံးပြသည်။အားနာတဲ့အနေနဲ့မြတ်ခေါင်ဘုန်းဆွဲယူပေးလိုက်သည့် ကော်ဖီထုတ်ကိုလှမ်းယူပြီးတဲ့တိုင် ကောင်မလေးကနေရာကထွက်မသွားသေးပဲ သူရွေးထားတဲ့ mocha ကော်ဖီထုတ်ကိုလှမ်းကြည့်ကာ။

'' အဲ့တံဆိပ်ကကောင်းလားဟင် . . ညီမ မသောက်ဖူးလို့''

ခေါင်ဘုန်းကလက်ထဲကကော်ဖီထုတ်ကိုမြှောက်ပြကာ မျက်ခုံးတစ်ချက်ပင့်လျက်ပြန်ပြုံးပြရင်း။

'' ဒီဟာလား . . မဆိုးပါဘူး ဈေးနည်းနည်းများပေမယ့်သောက်ရတာတန်တယ် ကိုယ်တော့ကြိုက်တယ် ''

'' ညီမလည်း ကြိုက်တယ် . . Mocha ကို အဟင်း''

အဟင်း . .

ကောင်မလေးပြောပုံကိုခေါင်ဘုန်းကရယ်ချင်ပက်ကျိပြုံးမိကာ မျက်ခုံးစွန်းကိုလက်သန်းဖျားလေးနဲ့ကုတ်ခြစ်ရင်း ကော်ဖီထုတ်ကိုခြင်းထဲထည့်တော့မည်ပြင်ဆဲ။

'' ကျွန်တော်တော့မကြိုက်ဘူး ဒါဘာလုပ်မှာလဲ ကော်ဖီချင်းအတူတူကို ရိုးရိုး 2in1 ပဲသောက် ဘာလို့ဈေးနှစ်ဆကြီးတဲ့ဟာယူမှာလဲ ဒါပြန်ထားခဲ့''

အနားကိုဘယ်အချိန်ကရောက်လာမှန်းမသိ ဇိုးဇိုးဇတ်ဇတ်နဲ့ကော်ဖီထုတ်ကိုဆွဲထုတ်ကာ စင်ပေါ်ပြန်ထိုးတင်လိုက်တဲ့ ညီမင်းညို။

'' ဟာ . . ဘာလုပ်တာလဲ . . ညီငါယူထားတာလေ ''

သူ့ကိုလှည့်ကြည့်သည့်ညီ့နှုတ်ခမ်းလေးတွေကမဲ့နေသည်။

'' ဈေးကြီးတယ် ဒါမသောက်ဘူး ''

'' ငါသောက်မှာလေ . . ငါယူမှာ ''

'' ကိုကိုယူလည်း ပိုက်ဆံကကျွန်တော်ရှင်းရမှာလေ . . ကိုကို့မှာပိုက်ဆံပါလို့လား ''

ကြည့် ဒါတမင်သက်သက်ကပ်တာ . . စောစောထဲက ခေါင်ဘုန်းပိုက်ဆံအိတ်အိမ်မှာကျန်ခဲ့တာသူသိရဲ့နဲ့ အဲ့တုန်းကတော့ ကျွန်တော့်မှာပါပါတယ် ဘာညာနဲ့ . . အခုကျမှ လူကြားထဲအရှက်ခွဲတဲ့လဒလေး . .

သက်ဆုံးတိုင်||completed||Where stories live. Discover now