အခန်း◀၀၇▶

2K 244 5
                                    

လမ်းကျဉ်းသည်မို့ ကားလေးကိုခပ်ဖြည်းဖြည်းလှိမ့်လာရင်း ဘာရယ်မဟုတ် ဘေးဘီဝဲယာကို တချက်ငဲ့ကြည့်မိသည့်ထိုက်တန်မှာ ငေးကနဲဖြစ်သွားရပါသည် ။ သေချာအောင်ထပ်တစ်ခါ ပြန်ကြည့်ပြီးသည့်နောက်မှာတော့ ဒါ 'သူ' ပါပဲလို့အတည်ပြုနိုင်သွားခဲ့ပြီးလျင် နှစ်ခါမစဉ်းစားတော့ပဲ ကားကိုဘယ်ဘက်လမ်းကြောသို့ဆွဲချယူကာ သစ်ပင်အရိပ်နေရာလွတ်တစ်ခုမှာထိုးရပ်လိုက်ပါတော့သည် ။

နောက်ကြည့်မှန်ကိုနေရာရွှေ့ ဆံပင်တွေဘာတွေ တစ်ချက်နှစ်ချက်သပ်ပြီးမှ ထိုက်တန် မှန်ထဲကကိုယ့်ပုံရိပ်ကိုကြည့်ပြီးရယ်ချင်လာခဲ့ပါသည် ။

ဒါဘယ်လိုအခြေအနေပါလိမ့် ။ ကိုယ့်ထက်အများကြီးငယ်သည့် ချာတိတ်ကလေးတစ်ယောက်ကို သွားနှုတ်ဆက်ဖို့အတွက် 'ခန့်ညားထိုက်တန်' ဆိုသည့် သူကဘယ်လိုအလုပ်တွေလုပ်နေတာတဲ့လဲ ။

အို . . . 'သူ' ဟုသိလိုက်မိချင်းမှာပဲ ဦးတည်ရာလမ်းကိုသွေဖယ်ပြီး ဒီနေရာမှာရပ်တန့်လိုက်မိခဲ့ပြီးပြီလေ ဘာတွေများနောက်ထပ်တွေးနေရဦးမတဲ့လဲ ။

ထိုက်တန်သည် ခေါင်းတစ်ချက်ခါယမ်းလိုက်ကာ ကားပေါ်ကဆင်းလာခဲ့ပါတော့သည် ။

ဒါကကော ဘယ်လိုရင်ခုန်သံမျိုးပါလိမ့် ။ ကန်ဘေးသစ်ရိပ်အောက်က စားပွဲဝိုင်းလေးတစ်ခုမှာ ကန်ရေပြင်ထက်ကဘဲမိသားစုအုပ်ကိုမေးလေးထောက်၍ တွေတွေငေးရင်းငြိမ်ငြိမ်လေးထိုင်နေသည့် 'သူ့' ဆီကိုဦးတည်လျောက်လာနေရင်းမှာပဲ တငြိမ့်ပျောင်းပျောင်းတိုး၍လာတဲ့ နှလုံးသားထဲကအသံတိုးတိုးလေး ဟာ ။

ဆယ်ကျော်သက်လေးလဲမဟုတ် . . အတွေ့အကြုံမရှိသည့်အစိမ်းသက်သက်လေးလဲ မဟုတ်ပါပဲလျက် . . သူကိုယ့်ကိုလှည့်ကြည့်လာအောင်ဘာလုပ်ရမလဲ အမှတ်မထင်တွေ့ပုံမျိုးဖြစ်အောင် ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ ခေါင်းပူလာအောင်စဉ်းစားရင်းကပဲ ထိုက်တန် ကိုယ့်ကိုယ့်ကိုယ်မကျေမနပ်ဖြစ်နေရပါ၏ ။

ဒါတောင် . . . ညီမင်းညိုက ယောကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့တာ . .

သိပါတယ် . . မသိလို့လဲ မဟုတ်ပဲ . . .

'' ဘာသောက်မလဲအစ်ကို ပါဆယ်လား . . သောက်မှာလား ''

သက်ဆုံးတိုင်||completed||Where stories live. Discover now