အခန်း◀၂၆▶

1.5K 157 3
                                    

ဘွားကုတင်ဘေးမှာကပ်ထိုင်ကာ အဘွားဆေးသောက်တာကိုထိုင်ကြည့်နေရင်းမှအပေါ်ထပ်ဝတ်ထားသည့် အနွေးထည် အိတ်ကပ်ထဲက ဖုန်းမြည်သံထွက်လာလျင် ညီမင်းညိုကဖုန်းကိုထုတ်ကြည့်ပြီး အခန်းထဲကထွက်လာခဲ့ပါသည် ။

'' ဟုတ် . . ကိုကို . . ''

ညီမင်းညိုကဧည့်ခန်းကိုဖြတ်ကာ ခြံထဲအထိတောက်လျောက်ဆင်းချလာခဲ့ပြီး ယုဇနပန်းပင်ခြုံတွေနားမှာ ရပ်ကာဖုန်းကိုဖွင့်ထူးလိုက်သည် ။

'' ဘယ်ရောက်နေတာလဲ . . ခုထိပြန်မလာသေးဘူး ''

လေသံကိုနားထောင်လျင်ပင်တဖက်မှာ မျက်နှာရှစ်ခေါက်ချိုးနေတော့မည့်ကိုကို့ကိုမြင်ယောင်ကာ ညီမင်းညိုကရယ်ချင်လာရပါသည် ။

'' ဘွားအိမ်မှာလေ ကိုကိုရယ်. . ဒီနေ့ဆေးခန်းရက်ချိန်းပြန်ပြရမှာလိုက်သွားပေးရပါမယ်လို့ပြောထားသားပဲ . . ''

'' အင်းလေ အဲ့ဒါညနေလေးနာရီထဲကထွက်သွားတာဆို ခုကခြောက်နာရီတောင်ခွဲတော့မယ်လေ . . ''

'' သြော် . . ဘွားနားမှာနေပေးရသေးတာပေါ့ ကိုကိုရယ် . . မနက်ဖြန်ကျောင်းလည်းပိတ်တာပဲကို . . ဘာဖြစ်လို့လဲ . . ကိုကိုကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လဲ . . ''

'' ဟာ . . ကျွတ် . . ဘာခိုင်းစရာရှိရမှာလဲ . . ခိုင်းဖို့ရှာစရာလား လွဲလိုက်တာကလဲ . . ''

ကိုကို့အသံစိတ်မရှည်လက်မရှည်ကြီးကို ညီမင်းညိုကခပ်တိုးတိုးလေးရယ်နေမိရင်း ။

'' မသိဘူးလေ . . ကိုကိုကအရေးတကြီး ဖုန်းတွေဘာတွေဆက်ယူတော့ . . ပြီးတော့စိတ်တိုနေတဲ့လေသံကြီးနဲ့ ''

'' အဲ့ဒါကလေ . .စိတ်တိုတယ်ဆိုတာက . . ဒီလိုလေ ငယ်လေးရာ . . ဒီနေ့ပစ္စည်းအသစ်တွေရောက်တယ်လေ . . အဲ့ဒါ . . အလုပ်တွေရှုပ်တယ် . . ညနေကလည်းပြန်တာနောက်ကျတယ် . . ''

'' အင်း . . အဲ့ဒီတော့ . . ''

'' အလုပ်ရှုပ်ရတဲ့ထဲ . . လာချတဲ့ပစ္စည်းနဲ့ ပို့တဲ့စာရင်းက အရေးထဲမှာမကိုက်ဘူးကွာ . . အဲ့ဒါနဲ့ပစ္စည်းတွေလည်းနှစ်ခါပြန်စစ် . . ကုမ္ပဏီကိုဖုန်းတွေပြန်ဆက် . . အလုပ်တွေပိုတယ် . . ဗိုက်တွေလဲဆာတယ် . . စိတ်တွေလည်းတိုလာတယ်ကွာ . . ''

သက်ဆုံးတိုင်||completed||Where stories live. Discover now