အခန်း◀၂၃▶

1.8K 185 9
                                    



'' ကိုယ်ပူတော့ ချိုပါတယ် အဖျားကျနေပြီထင်ပါရဲ့ . . ''

နဖူးပေါ်ကလက်ကိုဖယ်ကာ ဒေါ်ခေါင်ဘုန်းသွယ်က ညီမင်းမျက်နှာကိုစေ့စေ့ကြည့်နေသည် ။

'' ဒါပေမယ့် သားငယ်လေး မျက်နှာကချောင်ကျသွားလိုက်တာ . . အဖျားရက်လဲမရှည်ပဲနဲ့ လူကလဲတအားညှိုးတာပဲ . . ဘယ်နားကဘယ်လိုနေလို့လဲသားငယ် . .''

မြတ်ခေါင်ဘုန်းက ပြတင်းပေါက်ဘောင်ကိုမှီလျက်သား ရပ်နေရင်းကလက်ပိုက်ကာ ခပ်မဆိတ်ငြိမ်ငြိမ်သက်သက်ပဲမြင်ကွင်းကိုငေးနေခဲ့ပါသည် ။

အနေသက်သာအောင် ဝတ်ပေးထားသည့် တီရှပ်ပွချောင်ချောင်က ညီမင်းခန္ဓာကိုယ်ပေါ်မှာကြီးမားချောင်လည်နေကာ လည်တိုင်သွယ်သွယ်နှင့် ညှပ်ရိုးလေးတွေတောင်ထင်းပေါ်နေပါသည် ။ အောက်ကချည်ဘောင်းဘီရှည်ကလည်း ပွပွမို့ ညီမင်းကိုကြည့်ရတာ တွေ့ရာကြုံရာဆွဲလွဲအလှဆင်ပေးထားသည့် ကောက်ရိုးအရုပ်လိုလို ။

ပင်ကိုကကိုပိန်သွယ်တာပေမယ့် အခုရက်ပိုင်းအတွင်း နဂိုထက်ပိုသွယ်ပါးသွားတာတော့ သိသိသာသာပါပဲ ။

'' မျက်နှာတင်လား တစ်ကိုယ်လုံးချောင်နေတာ မေမေ့သား . . ''

ခေါင်ဘုန်းမှာစိတ်ပျက်ရယ်ချင်ဖြင့် ခပ်ငေါ့ငေါ့ဝင်ပြောမိသည် ။

'' အေးလေ ဘယ်လိုများဖြစ်ရတာလဲ ''

'' ဘယ်လိုမှဖြစ်တာမဟုတ်ဘူး အစားမှမစားပဲ မြူစွမ်လုပ်ပေးလဲ တစ်ဇွန်းနှစ်ဇွန်း ကြေးအိုးဝယ်ပေးလဲ တစ်မျှင်နှစ်မျှင် အသားလုံးလေးတစ်လုံးလောက် သူ့ဗိုက်ထဲဝင်ဖို့ပါးစပ်ဖြဲနင်းထည့်ရမလိုပဲ . . စိတ်ကိုမရှည်ဘူး . . ''

ခေါင်ဘုန်းအသံက တကယ်ပဲစိတ်မရှည်ခြင်းနှင့်ကျယ်လာလျင် မေမေက မျက်ရိပ်လှည့်ပြသည် ။

'' နင်ကလည်းဟယ် နေမကောင်းတဲ့ကလေးကို ''

'' နေမကောင်းတာသိတယ်လေ အဲ့ဒါကြောင့်စားခိုင်းနေတာပေါ့ ခုတော့ ဟိုဟာမေးလဲခေါင်းခါ ဒီဟာမေးလဲမစားချင် . . စားတော့လဲ တစ်မျှင်တစ်လုပ် . . ကြာတော့ ဒီကကောင်က ပါးစပ်မှာကန်တော့တပ်ပြီးလောင်းထည့်ချင်လာကော . . ''

သက်ဆုံးတိုင်||completed||Where stories live. Discover now