အခန်း◀၂၀▶

2.7K 194 24
                                    

ခေါင်ဘုန်းစောစောစီးစီးအိပ်ယာကနိုးသည် ။ စောသမျှကိုပြောပြရလျင် ငှက်ကလေးတွေတောင် စိုးစိုးစီစီမမြည်သေးဟုပြောလို့ရ၏ ။ တကယ်ကိုငှက်မနိုးသေးသည့်အချိန်ပါ ။

ခေါင်ဘုန်းအခန်းခေါင်းရင်းပြတင်းပေါက်နားမှာ တောင်သလဲပင်တစ်ပင်ရှိသည် ။ ဘေးကိုကြီးမားပြန့်ကားမလာပဲ အထက်ကိုသာရှည်ထိုးတက်လာပြီး လေတိုက်လျင်ပြတင်းတံခါးတွေကို လာရိုက်တတ်သည့် ထိုတောင်သလဲပင် အကိုင်းအခက်တွေမှာ ငှက်မိသားစုတစ်အုပ်ကမနက်တိုင်း စကားလာများတတ်သည် ။ အစာရှာမထွက်ခင် အဖေကဘယ်ကိုသွား အမေကဘယ်ကိုပျံ သားကလေးကဘယ်နားကစောင့် ညောင်သီးလည်းစားလေးခွသံလည်းနားထောင် ဆိုတာမျိုးဆွေးနွေးတိုင်ပင်အမှာချွေကြသလားမသိ ။ တစွိစွိတကျွိကျွိ တဆူဆူတညံညံရှိတတ်ပါ၏ ။ တခါတလေအိပ်ချင်မပြေသည့်အခါမျိုးမှာနားညည်းတတ်၍ တခါတလေတော့လည်း ရယ်ချင်စရာကောင်းတတ်သည် ။ ဆူဆူညံညံမကြားရရင်တောင် ညကအိမ်ပြန်မရောက်လေသလားတွေးမိတတ်သေးသည် ။

ဒီနေ့တော့ ငှက်မိသားအုပ်ပင်အိပ်ယာကမထကြသေးပါ ။ပြတင်းပေါက်အပြင်မှာလည်းမှောင်နေသည် ။ တစ်အိမ်လုံးလည်းတိတ်နေသည် ။ ငှက်မိသားအုပ်တည်နေရာကိုသိလျင် ကိုယ်ကတစ်လှည့်ဆူညံဆူညံသွားလုပ်ပြီး အိပ်ယာကနိုးကြည့်ချင်သေးသည် ။

ပေါက်ကရတွေတွေးနေတာကိုရပ်ပြီး ခေါင်ဘုန်းအိပ်ယာကကုန်းထသည် ။ စောလွန်းနေတော့ဘာလုပ်ရမှန်းမသိ ။ ပြန်အိပ်ဖို့ကလည်းမပျော်မှာသေချာသည် ။ လုပ်မိလုပ်ရာဖုန်းကိုကောက်ဖွင့် ။ ကံကောင်းထောက်မစွာ အလုပ်နဲ့ပတ်သတ်သော mail တွေဝင်နေသဖြင့်လုပ်စရာရသွားပြီး laptop ဖွင့်ဟိုလှန်ဒီလှောနဲ့နာရီဝက်လောက်တော့အချိန်ကုန်သွားသား ။

နည်းနည်းစောနေသေးတာကော ရာသီအကူးဖြစ်တာကောသိပ်မပူလှတော့ပဲ မနက်ဆိုလေအေးလေးတောင်တိုက်နေတတ်သေးပေမယ့် ခေါင်ဘုန်းရေချိုးခန်းထဲရောက်လက်စနဲ့ရေပါတစ်ခါတည်းသာချိုး ခေါင်းပါလျော်လိုက်တော့သည် ။

ဒီနေ့ညီမင်းပြန်လာမယ် . .

ငယ် ပြန်လာတဲ့အချိန်ကိုယ့်ကိုမွှေးမွှေးလေးနဲ့လှလှလေးမြင်စမ်းကွာ . . .

သက်ဆုံးတိုင်||completed||Where stories live. Discover now