🎄

7.6K 817 62
                                    

မနေ့က မေနဲ့ ခရစ်စမတ်အတွက် စျေးဝယ်ထွက်တာလိုက်သွားပြီး ပင်ပန်းကာ ရုတ်တရက်နေမကောင်းဖြစ်သွားတဲ့Ryan ကြောင့် ဒီနေ့မနက် တစ်အိမ်လုံးပျာယာခတ်နေတော့၏။ ဘတ်ခ်ဟွန်းက သေချာစစ်ဆေးပြီးမှ
စိတ်ပူစရာမရှိတာမို့ အရမ်းစိတ်မပူဖို့ပြောကာ
ကြက်သားဆန်ပြုတ်လေးပြုတ်ဖို့ မီးဖိုဆီ ထွက်လာလိုက်သည်။

" အချစ် ကိုယ်ဘုံဘုံးကို ဖုန်းဆက်ထားတယ်
သူတစ်နေကုန်ထိုင်ပေးမယ်တဲ့ "

ဘုံဘုံးနဲ့အတူတူ ဖွင့်ထားတဲ့ အထွေထွေအထူးကုဆေးခန်းလေးကလည်း ကောင်းကောင်းမွန်မွန်လည်ပတ်နေပြီဖြစ်သည်။ မနက် ၉ ညနေ ၅အထိသာ ဖွင့်တဲ့ ဆေးခန်းမှာ
မနက်ပိုင်းဘုံဘုံး ထိုင်ပြီး ညနေပိုင်းကို ကိုယ်ကထိုင်ကာ
တစ်ခါတလေ လူနာအရေအတွက်ပေါ်မူတည်ကာ
နှစ်ယောက်လုံးမနားရတာမျိုးလည်းရှိသည်။

" အင်း ချန်းယောလ်လီကော အလုပ်မသွားဘူးလား
အဝတ်လဲတော့လေ"

" သွားစရာလားကွာ ကိုယ်တို့ ဘုရင်လေးနေမကောင်းဖြစ်နေတာကို ဘယ်လိုစိတ်နဲ့ အလုပ်ဖြောင့်ဖြောင့်လုပ်မလဲ အချစ်ရဲ့"

အနောက်ကနေ ပါးတစ်ဖက်ကိုနမ်းကာ သားသားအပေါ်
အေးချမ်းသောမေတ္တာတစ်ချို့ ဖွင့်ဟနေပြန်တဲ့ ချန်းယောလ်က သူ့သားအပေါ် ထိုမျှ ချစ်ရှာသည်။

" အင်း အင်း ဒါဆိူ မနက်စာလေး တစ်ခုခု လုပ်ထားပါအုန်းခုနနေ မေနဲ့ ချန်းယောလ်က အတူတူစားထားနှင့်
သားသားကို ဆန်ပြုတ်ချော့ကျွေးရအုန်းမှာမို့"

"အင်းပါ သွား ကိုယ် တစ်ခုခု မြန်မြန် ချက်လိုက်မယ်"

ဟင်းချက်တဲ့အန်တီကြီးက ခရစ်စမတ်ပိတ်ရက်ဆိုပြီး
ဇာတိပြန်ဖို့ တပတ်လောာက်နားထားတာမို့ အိမ်မှာချက်ပြုတ်ရေးကို မေက တိုင်ခံလုပ်ပေမယ့် အခုသူ့မြေးနေမကောင်းတော့ ဘေးကနေ မခွါတာမို့ ချန်းယောလ်က ဒီနေ့ ချက်ပြုတ်ရေးတာဝန်ကျတော့သည်။

ဆန်ပြုတ်ပူပူလေးပေါ် ကြက်သားမွှကြော်လေး ဖြူးကာ
လင်ပန်းလေးထဲ ရေခရားနဲ့အတူ ထည့်ပြီး သားရဲ့အခန်းဆီ ဦးတည်ရတော့သည်။

JOYOUS Where stories live. Discover now