37

6.3K 951 28
                                    

သူနာပြုဆရာမလေးက လက်မှာတပ်ထားတဲ့
ဆေးအပ်တွေကို စစ်ဆေးကာ နောက်ထပ်ဆေးပုလင်းအသစ်တစ်ခုထပ်ချိတ်သွားသည့်တိုင် ကိုယ့်ရဲ့အချစ်မှာ
နိုးမလာသေး။ ဆေးအရှိန်နဲ့ အိပ်မောကျနေတာပါလို့
ပြောသွားတဲ့ ဆရာဝန်ကြီးစကားကြောင့် စိတ်ပူတာလျော့သွားပေမယ့် နဖူးနွေးနွေးကို တဖွဖွနမ်းလိုက် လမ်းလေးတွေကိုင်ကြည့်လိုက် ထိုင်မရ ထမရဖြစ်နေသည့်အပြင်
မေ နဲ့ အစ်ကိုဂျွန်မြောင်ဆီ ခနအပ်ကာ မှန်လုံခန်းထဲက
သားသားဆီလည်း ပြေးရသေးသည်။

ခုနကတော့ သားသားဟာ သူ့ရဲ့ ဖေဖေလေးနဲ့အတူ
ပါးစပ်လေးဟကာ အိပ်ပျော်နေသည်။ Electrode နှစ်ခုအောက် ရင်ဘတ်ပိစိဟာလည်း မကြည့်ရက်လောက်အောင်ကို လှုပ်ခါနေဆဲမို့ အခုထိ ရတက်မအေးစိတ်မချနိုင်သေး ။

" ခန ငယ်လေးဘေးမှာ အိပ်ရင်း နားလိုက်အုန်း
ကလေးဆီ အစ်ကို ခနသွားနေလိုက်မယ်"ဆိုကာ
အစ်ကိုဂျွန်မြောင်က သားသားလေးဆီ ထွက်သွားသည်။
သားဦး မို့ ကိုယ်နဲ့ ဘတ်ခ်ဟွန်းနီးက ရူးသလို
မြေးဦးမို့ အန်တီနဲ့ အစ်ကိုဂျွန်မြောင်လဲ ရူးပါသည်။
သားသားလေးကော ဖေဖေလေးကော မြန်မြန်နေကောင်း
လာပေးပါ ဖေဖေကအများကြီး ချစ်ပေးမှာမို့။

လက်မထက်က မှဲ့လေးတည်ရှိရာကို နှုတ်ခမ်းနဲ့
အကြာကြီးဖိကမ်းပြီး တရှိုက်မတ်မတ်နမ်းလိုက်သည်။
"ကိုယ်တို့ဘဝတွေ စတင်ခဲ့ပြီ အချစ်ရေ " ။

ကိုယ်ကြောင့် ပညာရေးလည်း နှောင့်နှေးခဲ့သလို
ဝန်ကြီးလွန်းတဲ့ မိဘနေရာလည်း ရောက်ခဲ့ရတဲ့အပြင်
အခုလို နာကျင်ခဲ့ရတဲ့အတွက် က်ုယ်က ဘတ်ခ်ဟွန်းနီးကို
တသက်လုံးစာ အားနာရပါတယ်။ ကိုယ့်ဘဝကို အချစ်နဲ့
သားသားအတွက် ကြိုးစားရှင်သန်ပါ့မယ်။

ဘဝနဲ့ချီတဲ့ကတိတွေအတွက် မှတ်တမ်းထူတဲ့
သစ္စာကျောက်တိုင်လေးက တစ်ခါတလေ ဘတ်ခ်ဟွန်းနီးရဲ့ နှုတ်ခမ်းပါးနီနီလေးဖြစ်သလို တစ်ခါတလေ နဖူးပြေပြေနွေးနွေးလေးပေါ့။ များသောအားဖြင့် လက်မထိပ်က မှဲ့နက်ကလေးက ကိုယ်နမ်းရှိုက်မဝတဲ့ အမှတ်အသားငယ်ပါပဲ။

_________
အခုထိနေ့လည်က ရုံးဝတ်စုံမလဲရသေးတဲ့ အစ်ကို့ကို
ရီရှင်းနောက်ကနေ တိတ်တိတ်လေးဘဲ ငေးကြည့်နေလိုက်သည်။ လက်ဖြူဖြူလေးက မှန်ကို ထောက်ထားကာ
အထဲက ကလေးလေးကို မြတ်နိုးမဝစွာကြည့်နေခဲ့သည်။

JOYOUS Where stories live. Discover now