34

6.5K 972 45
                                    

ဂျွန်မြောင်ရုံးကနေပြန်လာတော့ မေ့ရဲ့ကားအပြင်
ချန်းယောလ်ရဲ့ကားပါ ခြံအပြင်မှာ ရပ်ထားတာကို
တွေ့တာမို့ သူ့ကားပါ ချန်းယောလ်ကားအနောက်မှာပဲ
ကပ်ရပ်ထားလိုက်သည်။

မနက်က အပေါ်ကထပ်ဝတ်သွားတဲ့ ကုတ်အထူကို
လက်ကကိုင်ပြီး တစ်ဖက်က အိတ်ကိုကိုင်ထားသည်။

ခြံတံခါးကလည်းသော့မခတ်ထားတာကြောင့်
လူတစ်ယောက်ဝင်လို့ရသည့် အပေါက်ကနေ
အသာတွန်းဖွင့်ကာ ဝင်လာလိုက်သည်။

အိမ်တံခါးမကြီး လျှို့ဝှက်နံပါတ်နှိပ်ရင်း ဝင်သွားတော့
ဧည့်ခန်းက ဆိုဖာခုံအလယ်တည့်တည့်မှာ မေထိုင်နေပြီး
နှစ်ယောက်ခုံရှေ့တစ်ဖက်မှာ ငယ်လေးနဲ့ ချန်းယောလ်က
ပူးကပ်အောင်ထိုင်နေသည်။ ဒါဆို ဦးထုပ်နဲ့ ကျောပေးထားတဲ့လူက ဧည်သည်များလား။

" ကိုကြီးပြန်လာပြီ မေ"

ငယ်လေးက သူ့ကိုတွေ့သွားပြီး ခေါ်လာတာမို့
ပြန်ရယ်ပြနေတုန်း ဒီဘက်ကိုလှည့်လာသည့်
မျက်နာတစ်ခု ။

ဘုတ်

" သားကြီး ဘယ်လိုဖြစ်တာတုန်း အိတ်တွေကျကုန်ပြီ"

" ဟုတ် မေ ဆောရီး သားလက်ချော်သွားလို့"

"ရေမြန်မြန်ချိုးပြီး ဆင်းလာခဲ့
ရီရှင်းနဲ့ ညစာ စားကြမလို့ ကြာမနေနဲ့နော် "

" ဟုတ် မေ "

အပေါ်ထပ်ကို ခပ်မြန်မြန်ပြေးတက်လာလိုက်တော့
နောက်ကျောဖက်ဆီက ရီရှင်းနဲ့ မေရဲ့ စကားသံတွေ
ကြားနေရသည်။ ဘာလို့ဒီကိုရောက်နေတာလဲ။ အရင်တပတ်ကမှ တရုတ်မှာရှိနေတာလေ။

ရေပန်းအောက်ရေနွေးနွေးတွေကြားရပ်ရင်း
လူကစိတ်တွေရှုပ်ထွေးလာသည်။ မေ့ရှေ့ကိုတောင်
ရောက်အောင်လာခဲ့တဲ့ ဒီကောင်လေးဟာ
ဂျွန်မြောင်ထင်သလောက် မရိုးရှင်းနိုင်ဘူး။

" လာ သားကြီး ခေါင်းခြောက်ပြီလား "

သူထမင်းစားခန်းထဲဝင်လာတာနဲ့ မေက လက်ကမ်းလာ
တာမို့ သူ့ခေါင်းကိုထိုးပေးလိုက်တော့ ရေခြောက်မခြောက်စမ်းသည်။ ဒါကတော့ ငယ်ငယ်ထဲက မေ့ရဲ့အကျင့်။
ရေချိုးပြီးရင် ခေါင်းခြောက်မခြောက်စမ်းမယ်
မျက်နာလေးနည်းနည်းမနီလိုက်နဲ့ နဖူးတွေပါးတွေ
စမ်းပြီးနေမကောင်းဖြစ်တော့မယ်ဆိုကာ သားနှစ်ယောက်အတွက် ပူပန်ပြန်တယ်။ တကယ်ပဲ မေဟာ
သူနဲ့ငယ်လေးရဲ့ နတ်သမီး။

JOYOUS Where stories live. Discover now