11

8.2K 1K 65
                                    

အခုချန်းယောလ် ဘတ်ခ်ဟွန်းတို့အိမ် လမ်းထိပ်မှာ။

ရောက်ကတည်းက မနားတမ်း ခေါ်နေတဲ့ ဖုန်းကို
ဘတ်ခ်ဟွန်းက လုံးဝမကိုင်ပါ ။

"အခုထွက်မလာရင် ကိုယ်တစ်ခုခုလျှောက်လုပ်ပစ်လိုက်မှာနော် " ဆ်ိုတဲ့ ခြိမ်းခြောက်စာသားလေးကို
ပို့လိုက်ပြီး စောင့်နေလိုက်သည်။

အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့
ချော့တစ်လှည့် ခြောက်တစ်လှည့် ချစ်ပေးရမည့်
အဆိုးတုံးလေး။

လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဖုန်းလည်းမကိုင်
Massage လည်း seenသာပြပြီး reply မပြန်။

ဆိုးချင်တိုင်း ဆိုးသွမ်းနေတဲ့ အဆိုးလေးက
လူချင်းလည်း အတွေ့မခံတော့ ဒီိရင်ထဲမှာ ရူးမတတ်
ပူပူလောင်လောင်။

မနေ့ညနေကမှ သူငယ်ချင်းမ ဆိုသူဘုံဘုံးကို
တွေ့ချင်ပါတယ်လို့ online ကနေသွားပြောကာ
ဘတ်ခ်ဟွန်းနီးက ဘာလို့ သူ့ကို စိတ်ကောက်နေတာလဲလို့
မေးမိသည်။

" ရှင် ကောင်မလေးတွေပဲ စိတ်ဝင်စားရင်
ဘတ်ခ်ဟွန်းနဲ့  လမ်းခွဲလိုက် အရှုပ်တွေတော့
လာမလုပ်နဲ့ " လို့ စီးဟောက် သည်။

ဘာတွေဖြစ်နေမှန်းကို နားမလည်ရသေးခင်
ထို အနှီမလေး ဘုံဘုံးသူ့ကို ဟောက်စားလုပ်နေတာ
၂ခါရှိပြီ ဖြစ်သည်။

နောက်မှ လေသံမာမာကို တစ်ပြားမှ မလျော့ပဲ
ပြောလာသည်က "အဲ့ဒီ့မိန်းကလေးနဲ့ ကိုယ့်ကို
ဘတ်ခ်ဟွန်းက တစ်မျိုးထင်ပြီး သဝန်တိုနေသည်"
ဆိုသောအဖြေ။

ထပ်တိုးကာ ဘတ်ခ်ဟွန်းက သူနဲ့ ဘတ်ခ်ဟွန်းကြားက
Relationship အပေါ်  သူ့ဘာသာသူ insecurity ဖြစ်နေကြောင်းပါ ဘုံဘုံးက ရှင်းပြလာသည်။

သနားစရာ ကိုယ့်ပူတင်းလေးက
ဒီကြားထဲ တစ်ယောက်ထဲ ပူပန်နေတာကိုပါ
သိလိုက်ရတော့ စိတ်မကောင်းဖြစ်တာနဲ့အတူ
ဒါကို ထုတ်မမေးလို့ ဒေါသလည်း ဖြစ်ရသည်။

ဒီကကောင်က သူ့ကို ဘယ်လိုအရူးအမူးဖြစ်နေတယ်ဆိုတာ မသိသာခဲ့ဘူးလား။

JOYOUS Where stories live. Discover now