9

7.7K 1K 22
                                    

ဒီနေ့ Chanyeol စာမေးပွဲ ပြီးတဲ့နေ့။
စာမေးပွဲ အရင်ပြီးသွားခဲ့တဲ့ ဘတ်ခ်ဟွန်းက
ဒီရက်ပိုင်း အားနေသော်လည်း ချန်းယောလ်က
စာမေးပွဲနဲ့ လုံးချာလိုက်နေတာမို့ ဖုန်းတောင်
ကောင်းကောင်းမပြောဖြစ်။

ချန်းယောလ်တို့ နည်းပညာကျောင်း
စာမေးပွဲရက်က ပိတ်ရက်တွေကော
အပါအဝင် ၁၅ရက်လောက်တောင် ကြာသည်။

မနက်ပိုင်းဖြေရတာမို့ နေ့လယ်၁၂ဆို ပြီးမယ် လို့
ပြောထားတာကြောင့် ဘတ်ခ်ဟွန်းက
ချန်းယောလ်တို့ကျောင်းဆီလိုက်သွားပြီး
ချန်းယောလ် အံ့ဩသွားအောင်
လုပ်ဖို့ရည်ရွယ်ထားသည်။

"ဒီနေ့လည်း ကောင်းကောင်းဖြေနိုင်ပါစေ ချန်းယောလ်"
ဆိုတဲ့ massage လေးကို မနက် ၈:၃၀အတိမှာ
ဘတ်ခ်ဟွန်းပို့ထားပြီးပြီ ဖြစ်သည်။

တကယ်တော့ ကျောင်းပိတ်သွားလည်း
၅ရက်လောက်နားပြီးတာနဲ့ ချန်းယောလ်တို့က
project ရှိသေးတာမို့ သိပ်အားမှာမဟုတ်။

ကိုယ့်စာမေးပွဲရက်တွေတုန်းကတော့ ချန်းယောလ်က
မုန့်တွေ နေ့တိုင်းမထပ်ရ​လေအောင် ပို့ပေးပြီး
ကိုယ့်အလှည့်ကျ "အနားယူပါ ဘတ်ခ်ဟွန်းနီးရယ်"
ဆိုတဲ့စကားကြောင့် လူချင်းတောင်မတွေ့ဖြစ်။

၁၁နာရီလောက်မှာ ဘတ်ခ်ဟွန်းက
အကုန်ပြင်ဆင်ပြီး နေပြီ။ ဒီနေ့ ချန်းယောလ်
ကြိုက်တဲ့ အစားတစ်ခုခု သေချာပေါက်
ဝယ်ကျွေးမယ် ၊ပြီးရင် ရုပ်ရှင်ကြည့်မယ်
အချိန်ပိုနေသေးရင် ချန်းယောလ်နဲ့
စကားတွေအများကြီးပြောမယ်။

မတွေ့ရတဲ့ ရက်တွေက အကြာကြီးမဟုတ်ပေမယ့်
ဘတ်ခ်ဟွန်းကတော့ သိပ်လွမ်းနေတော့တာပဲ။

တရိပ်ရိပ်တက်လာတဲ့ အချစ်တွေကို
ဘယ်လိုထိန်းချုပ်ရမလဲ ဘတ်ခ်ဟွန်း
မသိတော့တဲ့အထိ။

Busမှတ်တိုင်မှာ ဘတ်ခ်ဟွန်း စောင့်နေမိသည်။
ချန်းယောလ်တို့ကျောင်းကို တစ်ခါမှ
မရောက်ဘူးတာကြောင့် စိတ်လည်း လှုပ်ရှားသည်။

မိနစ်၂ ၀နီးပါး ကားစီးလိုက်ပြီး ချန်းယောလ်တို့
ကျောင်းဆီကို ရောက်လာသည်။

JOYOUS Where stories live. Discover now