30

7.2K 873 13
                                    

(Warning)

ပန်ကိတ်လေးနှစ်ချပ်ပေါ် သကြားရည်နည်းနည်းလေးစမ်းကာ ဘေးမှာ ချိုချဉ်အရသာလေးဖြစ်အောင် သေချာဖျော်ထားတဲ့ စတော်ဘယ်ရီနို့ ခွက်လေးကိုပါ ချလိုက်သည်။ သူ့အတွက်ကတော့ ပန်ကိတ်နှစ်ချပ်ကတူပေမယ့် ကော်ဖီပူပူတစ်ခွက်ကို ဖျော်ထားလိုက်ပြီး
အားလုံးအဆင်သင့်ဖြစ်သည့်တိုင် အခန်းထဲက ထွက်မလာသေးတဲ့ ပူတင်းလုံးလေးကြောင့် အိပ်ခန်းဆီ တစ်ခါပြန်ဝင်ရပြန်သည်။

" အချစ် ဘေဘီ ဘတ်ခ်ဟွန်းနီ "

ပါးစပ်ကလည်းအော်ရင်း အခန်းဆီလျှောက်သွားတော့
ချည်ဘောင်းဘီအညိုရောင်လေးကို ဆွဲတက်နေတဲ့
ဘတ်ခ်ဟွန်းနီးကိုတွေ့လိုက်ရသည်။ ခဲရောင်အတွင်းခံ
ကာကွယ်ထားတဲ့ ပူတင်းလုံးလေးတွေက လုံးခနဲ။

" အဝတ်လဲလို့ပြီးပြီလား အချစ် မနက်စာစားရအောင်"

အခုတလော ခေါင်းဖြီးရတာမကြိုက်တော့တဲ့ ဘတ်ခ်ဟွန်းက လက်နဲ့သာ ဗီရိုက မှန်ကိုကြည့်ပြီး ဆံပင်တွေကို သပ်နေသည်။

"လာပါ ပူတူးတူးရယ် "

လက်ကနေ သာသာလေးဆွဲခေါ်တော့လည်း ပါလာသည်။
ခုံမှာထိုင်ပြီးတော့ နို့ခွက်ကိို င်လှမ်းသည့်လက်ကလေး။

"ဟေ့ ဟေ့ ပန်ကိတ်ကောစားလေ "

"အင်း "

တစ်ငုံမော့နေရင်း ပြန်ဖြေပြီးမှ လက်ကခရင်းကို စကိုင်သည်။ တစ်လုတ်စားပြီး ဟိုဆွဒီဆွလုပ်နေတာမို့

" ပန်ကိတ်ဆိုလို့ ကိုယ်လုပ်ထားပေးတာလေ
ဘာလဲ မစားချင်ပြန်ဘူးလား "

" အိမ်ပြန်ချင်လို့ဟာ"

ခရင်းကြီး ပန်းကန်ပေါ်ပစ်ချကာ ဆူအောင့်လာပြန်သည်။
မနေ့ညကတော့ ဒီဖက် အိမ်ပြန်မယ် ဘာညာနဲ့
စိတ်ဆိုးဒေါသထွက်လာပြီး အခုကျတော့လည်း
ဟိုဖက်အိမ်ပြန်ချင်နေပြန်တဲ့ ပူတင်းလေးက ဆိုးသွမ်းနေတာ။

" ဘာလို့ပြန်မှာလဲ ဒီနေ့ ကိုယ်အလုပ်နားတုန်းလေး
ဒီမှာ အတူတူနားရအောင် အချစ်ရာ စားပြီး ရုပ်ရှင်အတူတူကြည့်မယ်လေ"

တမင်သက်သက် အလိုမလိုက်ပြန်တော့လည်း
မငြင်းရှာ "အင်း"ဆိုပြီး ပန်ကိတ်နောက်တစ်လုတ်
ထပ်စားပြန်သည်။

JOYOUS Where stories live. Discover now