ဂျွန်မြောင်မေမေ့ကို ဆေးတိုက်ကာ သေချာသိပ်ထားခဲ့လိုက်ပြီး ပူလောင်နေတဲ့ ရင်ဘတ်အစုံအေးချမ်းသွားမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဝရံတာငယ်လေးဆီ
ထွက်လာလိုက်သည်။အခုထိရုံးဝတ်သွားတဲ့suitကိုမလဲရသေး။
မေမေ ရင်ကွဲတာလည်းမပြောနဲ့ သူတောင်
မယုံကြည်နိုင်ချင်းများစွာနဲ့ နှမြောနေခဲ့တာမဟုတ်လား။"လုပ်ရက်လိုက်တာ ငယ်လေးရယ်"
ပုံမှန်ဆို ဒီအချိန် သားအမိသုံးယောက်ညစာစားပြီး
တီဗီရှေ့မှာ ပူးကပ်နေအောင်ထိုင်ပြီး ကြည့်နေကျ
အစီအစဉ်တစ်ခုကိုကြည့်မယ်။ ပိတ်ရက်ရှိတဲ့ညမျိုးဆို
ညနက်တဲ့အထိ ဇာတ်လမ်းတွဲထိုင်ကြည့်ရင်း မေမေကအဆာပြေ မုန့်လေးတွေလုပ်ကျွေးမယ်။"ငယ်လေးရယ် "
ကျဆင်းလာတဲ့မျက်ရည်တွေကို ဂျွန်မြောင်မသိချင်ယောင်ဆောင်ပစ်လိုက်သည်။ ချန်းယောလ်နဲ့တွဲနေတာကို သူမသိခဲ့ဘူးတဲ့လား။ဘယ်လောက်တောင် တုံးအတဲ့အထိ ယုံကြည်နေခဲ့မိတာလည်း။
လွန်ခဲ့တဲ့ ၁၂နှစ် ။ ဖေဖေဆုံးပြီး လပိုင်းအကြာ။
ဖေဖေနဲ့ လက်ထပ်ပြီး ဖေဖေဆီမှာလိုက်နေတဲ့မေမေဟာဖေဖေဆုံးပြီးတဲ့အချိန် မေ့ဖက်က ဘိုးဘွားတွေက ပြန်ခေါ်တာမို့ သူတို့ဒီကိုပြန်ပြောင်းလာခဲ့ကြသည်။ဒီရောက်တော့ အလယ်တန်းစတက်မယ့် နွေရာသီမှာ
ငယ်လေးက ဗိုက်ထဲက အောင့်တယ်ဆိုလို့ မေမေနဲ့ သူနဲ့ ကလေးငယ်ကို လက်တွဲကာ ဆေးရုံသွားပို့ခဲ့သည်။အသက်၁၈နှစ်အရွယ် ကိုယ်က အရာအားလုံး နားလည်နေခဲ့ပြီမို့ ဆရာဝန်တွေနဲ့မေမေပြောနေသမျှကို အားလုံးနားလည်နေခဲ့သည်။ ဆရာဝန်ကြီးက ငယ်လေးရဲ့ ထူးခြားတဲ့ ခန္ဓဗေဒဆိုင်ရာ အချက်အလက်တွေရော ဆေးပညာအချက်အလက်တွေရော သေချာရှင်းပြတော့ မေက မျက်ရည်တစမ်းစမ်းနဲ့ နားထောင်နေခဲ့သည်။
သားကြီးဆိုတဲ့အတိုင်းမေမေက ကိုယ့်ကို ငယ်လေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သေချာတိုင်ပင်ပြီး
"သားကြီးက ငယ်လေးအတွက် အမြဲကာကွယ်ပေးနော်"ဆိုတဲ့ ကတိတစ်ခုကို တောင်းသည်။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd