32

6.8K 914 38
                                    

" မေ ဒီ ထမင်းဘူးက ဘာလုပ်မလို့လဲ "

သေချာပိုးသတ်ထားပြီး ထမင်းမထည့်ရသေးတဲ့
၂ဆင့်အနွေးထမင်းဘူးလေးက စားပွဲပေါ်တင်ထားတာမို့ ဘတ်ခ်ဟွန်းမေးလိုက်မိသည်။ဒီရက်ပိုင်းကစပြီး သူHSမဆင်းတော့တာ မေ လည်း သိရဲ့နဲ့ ဒီထမင်းဘူးက ဘာလုပ်မလို့ပါလိမ့်။မဟုတ်မှ .......

" မေ ဘာလုပ်မလို့လဲလို့"

ဘေးကနေ အတင်းဖက်ကာ ပြုံးစိစိနဲ့မေးလိုက်တော့
မေက မျက်နာအတင်းရှောင်ကာ ရှက်နေတဲ့ပုံစံ။

"အော် ငယ်လေးရယ် အပူလောင်မယ်
ငြိမ်ငြိမ်လေးထိုင်နေပါ"

မေးတာကို မဖြေဘဲ အတင်းစကားလမ်းကြောင်းလွဲနေတဲ့
မေဟာ အရမ်းချစ်စရာကောင်းနေတာမို့ ပါးတစ်ဖက်ကို
မွခနဲ မွှေးကြူပစ်လိုက်မိသည်။

"ကျေးဇူးတင်ပါတယ် မေ ချန်းယောလ်က
မေစိတ်ပျက်အောင် ဘယ်တော့မှ မလုပ်စေရဖူးနော် "

မေ့ရဲ့ ပုခုံးပေါ် ပါးလေးအပ်ကာ သူပြောတော့
မေက သူခေါင်းကို အသာလေး ဖွလာသည်။

" သားချစ်တဲ့သူကို မေကပါ  မေတ္တာထားပေးရမှာပေါ့
ရှေ့လျှောက် မေက မေ့ရဲ့ သားတွေကို သေချာဂရုစ်ုက်မှာမို့ ဒီက ပူတူတူးလေးကသာ ကျန်းမာအောင် နေနော်"

" မေ့ကို အရမ်းချစ်တယ်"

" ဟုတ်ပါပြီ အချွဲလေးရယ် မြေးလေးနဲ့အတူတူ
မေ့ကို ပြိုင်ချွဲအုန်းမှာလား ဟင် "

"အင်း ချွဲမှာ "

ကလေးတစ်ယောက်လို ချွဲနေတာမို့ မေက ရယ်သည်။
ပြီးတော့ အသည်းယားတယ်ဆိုကာ ဆံပင်လေးတွေကိဖွလာသေးသည်။ သားအမိနှစ်ယောက် ဒီလိုမျိုး
ပူးပူးကပ်ကပ်နေပြီး တီတီတာတာတွေမပြောတာလည်း
ကြာပြီမို့ ဒိီလိုအခြေအနေမျိုးကိူ နှစ်ယောက်လုံး
လွမ်းနေခဲ့ကြသည်မဟုတ်လား။

" ချန်းယောလ် နိုးပြီလား"

" နိုးပြီ မေ ရေချိုးနေတယ်
သားမနေ့ညက တရေးထပ်နိုးလို့
သူနည်းနည်း အိပ်ရေးပျက်သွားတယ်"

အခုတလော ညတွေဆို ကိုယ်စောင်းလှည့်တာနဲ့
လူကနိုးလာတက်ပြီး ဗိုက်ဆာသလိုလို အိမ်သာသွားချင်သလိုလို ပြီးရင် လူက ပြန်အိပ်မပျော်တော့ဘဲ
မျက်စိကကြောင်သွားသည်။

JOYOUS Where stories live. Discover now