28

7K 977 22
                                    

ဒီနေ့ duty offတာမို့ ဘတ်ခ်ဟွန်း နေမြင့်တဲ့အထိ
အိပ်ပစ်လိုက်ဖို့တွေးထားပေမယ့် မနက်၅နာရီလောက်မှာ
လူက အန်ချင်သလို မအီမသာဖြစ်လာတာမို့ နိုးလာခဲ့သည်။ အရမ်း အိပ်ချင်နေတာမို့ မဖွင့်နိုင်တဲ့ မျက်လုံးတို့ကို အားယူဖွင့်ကာ ထလာရတာမို့ ဒေါသကထွက်လာရသည်။ ရေချိုးခန်းဆီ ဖြေးဖြေးလျှောက်သွားရင်း
ဘေစင်မှာ ခေါင်းထိုးအန်ပစ်လိုက်သော်လည်း
ဘာမှ ထွက်မလာဘဲ ခေါင်းကပါ တဆစ်ဆစ်ထိုးကိုက်လာသည်။

တတောက်တောက်ကျလာတဲ့ မျက်ရည်တွေက
အတင်းဖျစ်ညစ်အန်ထားလို့လား မသိပေမယ့်
အဆက်မပြတ်ကျနေသေးသည်။ coverပိတ်ထားတဲ့ Toilet bowlပေါ်ထိုင်ချလိုက်ပြီး ဘေးက ဘေစင်ကိုပါမှီထားရင်း အသက်ကိုပါမှန်မှန်ရှုနေရသေးသည်။ ထပ်ပြီး မအိမသာဖြစ်လာတာကြောင့် ထပ်အန်လိုက်တော့
တံတွေးအနည်းငယ်အပြင် ဘာမှ ထွက်မလာ။ ချွေးစေးတွေပါထွက်လာကာ မျက်လုံးတွေပါ ပြာလာတာမို့
သူထိတ်လန့်လာသည်။

"မေရေ မေ"

သူ့အားကုန်အော်လိုက်ပြီး ရေချိုးခန်းကြမ်းပြင်ပေါ်
တဖြေးဖြေးထိုင်ချပစ်လိုက်သည်။ မျက်ရည်တွေကြောင့်
ဘာမှလည်း သေချာမမြင်ရတော့ ။

"မေရေ "

တံခါးဖွင့်သံနဲ့အတူ ကိုကြီးနဲ့ မေရဲ့ အော်ဟစ်သံတစ်ချို့ကြားလိုက်ပြီး တဖြေးဖြေး အမှောင်ကျသွားတဲ့ မြင်ကွင်း။

"ချန်းယောလ်လီ "
_________
ဂျွန်မြောင် နဲ့ မေမေဟာ စိတ်ပူလွန်းအားကြီးစွာ
ဘာလုပ်ရမှန်းမသိဘဲ ငယ်လေးကို ကောက်ပွေ့ပြီး
ဆေးရုံကိုသာပြေးလာခဲ့လိုက်တာမို့ ဘာပစ္စည်းမှ
မယူလာဖြစ်။ ရုတ်တရက် ဆေးရုံတက်ရမည့်ဆိုတော့
ဆေးသွင်းထားတဲ့ ငယ်လေးကို စောင့်နေဖို့ သူကျန်ခဲ့ပြီး
လိုအပ်တဲ့ပစ္စည်းတွေကို မေကသွားပြန်ယူသည်။ သူပြန်ယူမည်ဆိုသော်လည်း ဘာပစ္စည်းဘယ်ဟာ ထည့်ခဲ့ရမှန်း
မသိတာကြောင့် မေက သူပြန်ယူမည်ဆိုကာ ထွက်သွားတော့သည်။ တင်းမာနေတဲ့ မေ့ရဲ့ မျက်နာဟာ ဘာကြောင့်ဆ်ိုတာ သိနေတာမို့ သူသိပ်အတွန့်မတက်ရဲ။ ဒီလိုချိန်တွေဆို မေ မပြောနဲ့ သူကိုယ်တိုင်ပင် ချန်းယောလ်အပေါ်
ဒေါသထွက်မိသည်။ ဒါကလည်း ချန်းယောလ်အပြစ်မဟုတ်ပေမယ့် ငယ်လေးအပေါ် ချစ်တဲ့ အတ္တစိတ်ပဲပေါ့။

JOYOUS Where stories live. Discover now