"ဖေယေးးးးးး"
Ryanလေးရဲ့ ကျယ်လောင်စူးရှသော အော်ငိုသံကြောင့်
ဘတ်ခ်ဟွန်းမှာ ခြေလှမ်းတို့နောက်ပြန်လှည့်လိုက်ချင်သော်လည်း ၄နှစ်ပြည့်လို့ ၅နှစ်ထဲဝင်နေပြီဖြစ်တဲ့
ပိစိကွေးကို kindergarten မထားလို့မဖြစ်တာကြောင့်
စိတ်ကိုတင်းထားရသည်။လူကောင်လေးသေးလွန်းတဲ့ Ryanလေးကို ပိုးမွေးသလို
မွေးခဲ့ရပေမယ့် သာမာန်ကလေးတွေလို ကျောင်းတက်ရမည့်အချိန် ကျောင်းတက်ပြီး ကလေးသဘာဝဆော့ကစားကာ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းစေချင်သည်မို့ ကျောင်းထားဖို့ သူရော ချန်းယောလ်ရော စိတ်တွေအများကြီး
ပြင်ဆင်ခဲ့ကြရသည်။မေကတော့ Homeschooling လုပ်ဖို့ ပြောပေမယ့်
အပေါင်းအသင်းပေါင်းတက်ဖို့ တွေးခေါ်တက်လာဖို့
ပြသာနာတွေဖြေရှင်းတက်လာဖို့ ကိုယ့်အားကို ကိုးနိုင်ဖို့ဆိုတာ သူအရွယ်နဲ့သူ society တစ်ခုဆီကို လေ့လာရမည်မဟုတ်လား ။ ချန်းယောလ်ကတော့ အမြဲတမ်းကိုယ့်သဘောလို့ပြောတတ်တာမို့ ကိစ္စမရှိပေမယ့် မေကတော့
အိမ်မှာ မျက်ရည်တစမ်းစမ်းနဲ့ ကျန်ခဲ့ရှာသည်။တစ်မြို့လုံးက ကျောင်းတွေသေချာလေ့လာစုံစမ်းပြီးမှ
နောက်ဆုံးရွေးချယ်လိုက်တဲ့ international school ဟာ
Ryanလေးအတွက် တကယ် ကောင်းမွန်တဲ့ကျောင်းတစ်ခုဖြစ်သည်။ အစက ကျောင်းအတူတူလိုက်ပို့ကြဖို့ပြင်ထားခဲ့ပေမယ့် အလုပ်ကိစ္စအရေးတကြီးပေါ်လာတဲ့ ချန်းယောလ်ကြောင့် ဘတ်ခ်ဟွန်းတစ်ယောက်သာလာပို့ရသည်။
ကျဆင်းနေတဲ့ မျက်ရည်တွေကို သုတ်ရင်း ကားမောင်းထွက်လာလိုက်သည်။M.D .in Paediatric တစ်ယောက်ဖြစ်တဲ့ ဘတ်ခ်ဟွန်းက
PGပြီးတာနဲ့ ကိုယ်ပိုင် ကလေးဆေးခန်းဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်သည်။ အခုချိန်ထိ စာကျက်လို့မပြီးနိုင်တဲ့ ဘတ်ခ်ဟွန်းက သားအိပ်တာနဲ့ ည၁၂နာရီ ၁နာရီထိ
စာလုပ်ရပြီး သူနဲ့အပြိုင် ပင်ပန်းရတဲ့သူက ချန်းယာလ်ပဲ။ရည်းစားစဖြစ်သည့်အချိန်ကတည်းကနေ အခုချိန်ထိဆို ၉နှစ်ကြာခဲ့သည်တိုင် ချန်းယောလ်က သူ့အားဆေးကျောင်းသားဘဝတုန်းကလို စာကျက်ရင်း စားဖို့ သောက်ဖို့လုပ်ပေးရတာလည်း မငြီးငွေ့နိုင်ဘူး။ ဝင်ငွေကောင်းတဲ့ ချန်းယောလ်ရဲ့ ကုမ္မဏီငယ်လေးက အခုဆို ဝန်ထမ်းအင်အားတွေများသထက်များကာ သူတို့လောကမှာ မသိတဲ့လူမရှိသလောက်ဖြစ်နေပြီဖြစ်သည်။ နဂိုထဲက ချမ်းသာတဲ့
ချန်းယောလ်တို့မိသားစုအတွက် တစ်ဦးတည်းသော
မျိုးဆက်ကလည်း Ryanလေးဟု မာမီက ခနခနပြောတတ်သည်။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd