19

7.2K 1K 52
                                    

ဘတ်ခ်ဟွန်းကမနက်စာ စားပွဲမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး ချန်းယောလ်ကတော့ မနက်စာပြင်ဖို့ ပျာယာခတ်နေသည်။

မနေ့ညက နှစ်ယောက်လုံးတော်တော်နဲ့ အိပ်မပျော်ကြတော့ ဆက်လျှောက်ရမယ့် ဘဝရှေ့ရေးတွေအကြောင်း
ပြောဖြစ်သည်။ အခုချိန်မှာတော့ ကိုယ်စီရင်ထဲပူလောင်နေပေမယ့် ထုတ်မပြောဖြစ်ကြပေမယ့်ပေါ့။

ဘွဲ့တောင်မရသေးတဲ့ အလုပ်သင်ဘဝမှာ
သူတို့အိမ်မက်တွေလည်းအကောင်အထည်ဖော်ဖို့ဆိုတာ
အ ေဝးကြီးလိုပါေသးသည်။

ဘတ်ခ်ဟွန်းက အလုပ်သင်ဆင်းရင်း အများကြီးမဟု​ေမယ့် House Surgeon လစာရသည်။ ချန်းယောလ်ကလည်း အလုပ်သင်ဆင်းနေတဲ့ ကုမ္မဏီက အလုပ်သင်လစာရသည်။

ချန်းယောလ်က သူ့အဖေဖက်က အမွေရထားတဲ့
သူ့ဘဏ်စာအုပ်ကို ထုတ်လာကာ ကိုယ့်လက်ထဲ
ထည့်ပေးသည်။ များလွန်းတဲ့ပမာဏတွေမို့ ဘတ်ခ်ဟွန်းက အသည်းအသန်ငြင်းတော့ " ကိုယ့်ဘဝက အခုကစပြီး ဘတ်ခ်ဟွန်းနီးနဲ့ ကလေးလေးအပိုင်"ဆိုတဲ့ စကားတစ်ခွန်းနဲ့ ငြင်းဆန်ခွင့်မပေး။

"ကိုယ်နောက်ထပ်အလုပ်တစ်ခု ထပ်ရှာလိုက်မယ် အချိန်ပိုင်းဖြစ်ဖြစ်ပေါ့ ဘတ်ခ်ဟွန်းနီးက house surgeonဆင်းနော် " ဆိုတဲ့ ချန်းယောလ်စကားမှာ
သူမျက်ရည်ကျရပြန်သည်။ကလေးလေးအတွက်
အများကြီးကြိုးစားပါ့မယ့်ဆိုတဲ့ ကတိစကားကို
ချန်းယောလ်က လေးနက်စွာ ဆိုသည်။

"ကလေးလေးရလာတာ ကံကောင်းခြင်းဆိုပေမယ့်
ဘတ်ခ်ဟွန်းနီးကို ကိုယ်တကယ်အားနာရပါတယ်"

ဒီအဖြစ်အပျက်တွေအားလုံး သူ့ကြောင့်လို့ခံယူပစ်လိုက်တဲ့ ချန်းယောလ်က တကယ်ပဲကိုယ့်အပေါ် အားနာနေရှာသည်။

ဆေးရုံက ဆရာဝန်ကြီးတွေ ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းချက်အကြောင်းစုံကို ပြောပြကာ ဘတ်ခ်ဟွန်းနီးလက်ခံချင်လား လို့ ကိုယ့်သဘောထားကိုမေးသည်။ ဘတ်ခ်ဟွန်းက လက်ခံတော့ ဒီမနက်ဆေးရုံသွားဖို့ ပြင်ရတော့သည်။

မေမေတို့ခွင့်လွှတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ဝမ်းနည်းရသလို ကလေးလေးနဲ့ ချန်းယောလ်အတွက်ဆိုတဲ့စိတ်နဲ့လည်း ကြည်နူးရပြန်သည်။

JOYOUS Where stories live. Discover now