ချန်းယောလ်ရဲ့ကားကို ရုံးမှာပဲ ထားခဲ့ကာ ကလေးကားထိုင်ခုံတပ်ထားပြီးသားဖြစ်တဲ့ ဘတ်ခ်ဟွန်းရဲ့ ကားနဲ့ပဲ Ryanလေးကို ကြိုဖို့ ကျောင်းရှေ့မှာ ရောက်နေကြပြီဖြစ်သည်။ တခြားကလေးတွေရဲ့ မိဘတွေလည်း
ကားကိုယ်စီနဲ့ရောက်နေကြပြီး အကုန်လုံးကျောင်းပေါက်ဝကို တကြည့်ကြည့်နဲ့ မျှော်နေကြသည်။ကားနောက်ခန်းတံခါးကိုဖွင့်ကာ ကားထဲမှ ဘတ်ခ်ဟွန်းကခြေထောက်တွေအပြင်ထုတ်ကာထိုင်နေပြီး ချန်းယောလ်ကတော့ ဘတ်ခ်ဟွန်းထိုင်နေတဲ့နေရာ ကားဘေးမှာရပ်ပြီး နှစ်ယောက်သားစကားတပြောပြောနဲ့ သားကို
စောင့်နေကြသည်။ အပေါ်က ကုတ်ကိုချွတ်ထားတာကြောင့် ရှပ်အဖြူနဲ့ စတိုင်ပန့်အမည်းတွဲဝတ်ထားတဲ့ ချန်းယောလ်ကို လူတွေကို သိသိသာသာ ငေးကြည့် လှည့်ကြည့်သွားကြသည်။ ဘတ်ခ်ဟွန်းက သတိထားမိသော်လည်း
ဘတ်ခ်ဟွန်းဖက်လှည့်ကာ ဟာသတွေပြောနေတဲ့
ချန်းယောလ်က သိတောင် မသိရှာ။ဘဲလ်တီးသံတစ်ခုနဲ့အတူ ကျောင်းတံခါးပွင့်လာကာ
မကြာလိုက် ကလေးတွေ ထွက်လာကြသည်။ အရောင်အသွေးစုံလင်တဲ့ ကလေးတွေက ပန်းပွင့်လေးတွေပမာ
လှပပြီး ချစ်စရာကောင်းလွန်းလှသည်။ ဘတ်ခ်ဟွန်းပါ
ကားအပြင်ထွက်ကာ ချန်းယောလ်နဲ့အတူတူ ရပ်ရင်း
Ryanလေးကို စောင့်နေလိုက်သည်။ မနက်က ဘတ်ခ်ဟွန်းလွယ်ပေးလိုက်တဲ့ ဒိုင်နိုဆောအရုပ်လေးနဲ့ အစိမ်းရောင်
ကျောပိုးအိတ်လေးလွယ်ကာ Ryanလေးက ပြုံးပြုံးရွှင်ရွှင်ထွက်လာပြီး သူတို့နှစ်ယောက်ကို တွေ့တာနဲ့ လက်နှစ်ဖက်လုံးဆန့်ကာ အားကုန်ပြေးလာတော့သည်။ ချန်းယောလ်ကလည်း ဒူးတစ်ဖက်ထောက်ရင်း လက်ဆန့်ကာ
Ryanကို ကြိုနေသည်။" ဖေဖေ့"
" ဖေ့ Ryanလေးက ကျောင်းသားလေးဖြစ်နေပြီပဲ"
သားသားက ချန်းယောလ်ရင်ခွင်ထဲပြေးဝင်ကာ
လည်ပင်းကိုဖက်ပြီး ဖေဖေဆိုတာကို မနားတမ်းခေါ်ရင်း
အလွမ်းသယ်နေကြသည်ကို ဘတ်ခ်ဟွန်းပြုံးရင်းပဲကြည့်နေလိုက်သည်။" ဗိုက်ဆာပြီလား သားသား"
Ryanကို ချီကာ ချန်းယောလ်ကထရပ်လိုက်တာကြောင့်
သားသားကျောပေါ်က အိတ်ကို ဘတ်ခ်ဟွန်းကူချွတ်ပြီး
ကားထဲထည့်ရင်းမေးလိုက်သည်။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd