35

6.2K 874 35
                                    

" အွန်း"

ခပ်တိုးတိုးညီးညူကာ ကိုယ်စောင်းဖြေးဖြေးချင်းလှည့်နေတဲ့ ဘတ်ခ်ဟွန်းကြောင့် ချန်ယောလ်ဖက်ထားတဲ့လက်လေးကို သာသာလေးမကာ သူလှည့်တဲ့ဖက်ကို
ခြေထောက်ကြားညှပ်တဲ့ ခေါင်းအုံးလေး အမြန်ခံပေးလိုက်ရသည်။

တစ်ညလုံး ဘတ်ခ်ဟွန်းနီးကိုယ်စောင်းတစ်ခါလှည့်ရင်
တစ်ခါနိုးသည်မို့ ချန်းယောလ် အိပ်ရေးမဝတာ
ရက်အတော်ပင်ကြာခဲ့ပြီ ။ အခုတလောသွေးပျစ်နေတဲ့
အချစ်ဟာ လက်တွေခြေတွေ တင်းကာ ကိုက်ခဲနေတာမို့
တစ်ခါတလေ ကြည့်ရင်းပင် သနားလည်းသနား
အားလည်းနာတာမို့ ချန်ယောလ်မှာ ကြိတ်ငိုရသည်အထိ။

ပြန်ငြိမ်ကျသွားပြီး အသက်ရှုသံလေးမှန်သွားတော့မှ
လည်ဂုတ်နေရာလေးကိူ ဖိနမ်းလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဘတ်ခ်ဟွန်းနီး"

ဘယ်လက်ကိူမြောက်ကာ လက်သန်းဆီမှာ စွပ်ထားတဲ့ ငွေရောင်လက်နေတဲ့ လက်စွပ်လေးကို ကြည့်လိုက်သည်။ ရောင်ပြီးတင်းနေတဲ့ လက်ချောင်းလေးတွေက
လက်စွပ်မဝတ်နိုင်တာမို့ ချွတ်သိမ်းထားဖို့ ပြောပေမယ့်
"ချန်းယောလ်လီဝတ်ထားပေး"ဆိုတော့လည်း မငြင်းရက်။

မနက်နိုးပြီး မနက်စာ စားပြီးမှ အရေးတကြီး ဆွေးနွေးဖို့
တစ်ဖက်ကုမ္မဏီက ရောက်ချလာသည်ဟု ရီရှင်းက
ဖုန်းဆက်တော့ ချန်းယောလ်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ ခြေမကိုင်မိ လက်မကိုင်မိ ။

" သွားလိုက်ပါ ချန်းယောလ်လီရယ် "

ရီရှင်းရောက်လာပြီးကတည်းက ကုမ္မဏီကို ခနလောက်သာသွားပြီး ပြန်လာတတ်တဲ့ချန်းယောလ်က
တနေကုန် ဘတ်ခ်ဟွန်းဘေးက မခွါဘဲ
သူ့လက်သူ့ခြေအကုန်လုံးလုပ်သည်။

သူတို့အိပ်ခန်းရဲ့ထောင့်မှာလဲ ကလေးပုခတ်အပြာလေးက
အရုပ်လေးတွေ ကလေးသုံးပစ္စည်းတွေနဲ့ ပြည့်နှက်နေသည်။

" ကိုယ် zoomကနေပဲ လှမ်းပြောလိုက်မယ်လေကွာ
ရီရှင်းလည်းရှိတာပဲ" 

မျက်နာနုနုက ပါးနှစ်ဖက်ကို ထွေးပွေ့ရင်း
နှာခေါင်းချင်ထိကပ်လုမတတ် သူ့ကိုစိတ်ပူနေတဲ့ပုံကို
ပြတော့ ဖြတ်ခနဲ နှုတ်ခမ်းကိုလာနမ်းသည်။

JOYOUS Where stories live. Discover now