"လမ်းထိပ်မှာ ရောက်နေပြီ"ဆိုတဲ့ massage လေးကြောင့်
ဘတ်ခ်ဟွန်း အပေါ်ဝတ်အနွေးထည်ကို ကောက်ဝတ်လိုက်ပြီး အိမ်အောက်ထပ်ဆင်းလာလိုက်သည်။"မေရေ သား စတိုးဆိုင်ခနသွားမယ်"
အောက်ထပ်က မေမေ့အခန်းဆီ ခေါင်းလေးပြူကာ
မေးလိုက်တော့ အဝတ်ဗီရို သန့်ရှင်းရေးလုပ်နေပုံရတဲ့
မေမေက ခွင့်ပြုသည်။မဟုတ်တာ လုပ်ထားတဲ့ လူတစ်ယောက်လို့
ဘတ်ခ်ဟွန်းက အနောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့
လန့်နေသည်။လမ်းထိပ်မှာ ရပ်ထားတဲ့ ကားရဲ့ ဘေးမှာ
Jean ဂျာကင်ဝတ်ထားတဲ့ ချန်းယောလ်က ပြုံးကာ
ရပ်နေရင်း ကိုယ့်ကိုစောင့်နေသည်။"လာ ကားပေါ်တတ် ဘတ်ခ်ဟွန်းနီး "
ချန်းယော်က အနောက်ခန်းတံခါးကို ဖွင့်ပေးတာမို့
တက်လိုက်ပြီး ချန်းယောလ်ကပါအနောက်ကနေ
လိုက်တက်လာသည်။"လာပါဦး ကိုယ့်ဆီ "
ရင်ခွင်ထဲ ဆွဲဖက်လိုက်တဲ့ ချန်းယောလ်ဆီက
ရေမွှေးနံ့က ဘတ်ခ်ဟွန်း အရမ်းသဘောကျသည့် အနံ့မို့
တစ်ဝကြီး ရူပစ်လိုက်သည်။" စာမေးပွဲအတွင်း ကိုယ် အပို့အကြို လုပ်ပေးရမလား ဟင်"
ငုံ့ကြည့်ကာမေးလာတဲ့ ချန်းယောလ်ကို ပြန်မော့ကြည့်ကာ
ခေါင်းခါပြလိုက်မိသည်။"ရပါတယ် ချန်းယောလ်ရဲ့ ကိုကြီးက သူလိုက်ပို့နေကျ "
မနက်ဖြန်ဆို Test 1ဖြေရတော့မှာဖြစ်တာကြောင့်
ချန်းယောလ်က မေးပေမယ့် အိမ်ကသိလို့မရတဲ့
Relationship ကြောင့် ဘတ်ခ်ဟွန်းက
ချန်းယောလ်တောင်းဆိုသမျှ အခွင့်အရေးတစ်ချို့ကို
ငြင်းပစ်နေရသည်။ဥပမာ -ကျောင်းလိုက်ပို့ပေးမယ်တ်ို့ ၊ကျောင်းဆင်းရင်
မုန့်အတူစားဖို့ လာခေါ်လို့ရမလားတို့ ပေါ့မေမေလာကြိုမယ်လို့ပြောထားတဲ့နေ့တွေ့ဆို
အကြောင်းပြချက်အမျိုးမျိုးပြကာ
ကိုယ့်ဘာသာပြန်လာဖို့ပြောလို့ရပေမယ့် ကိုကြီးဆို
အဲ့လိုအတွန့်မတတ်ရဲတာပါ။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd