ညနေကမိုးရွာထားတာကြောင့်
ရာသီဥတုက အေးမြမြဖြစ်နေကာ
ပတ်ဝန်းကျင်ကလည်း စိုစွတ်နေသည်။လေညင်းခံမယ်ဆ်ိုပြီး စက်ဘီးတစ်စီးနဲ့ ထွက်လာမိတာ
အိမ်နဲ့တော်တော်လှမ်းနေပြီမို့
စတိုးဆိုင်တစ်ခုရှေ့အရောက် ခနရပ်ကာ
Energy drink တစ်ဗူးဝယ်သောက်ရင်း
ဟိုကြည့်ဒီကြည့် လုပ်နေမိသည်။မိုးကာင်္အကျီဂျာကင် အမဲရောင်လေးနဲ့
ဘတ်ခ်ဟွန်းက ထီးအနီရောင်လေးကိုင်ကာ
တစ်ယောက်ထဲ ။ကိုယ်ရှိရာဖက်ကိုလျှောက်လာနေပေမယ့်
ကိုယ့်ကိုတော့ မတွေ့သေး။စတိုးဆိုင်ရှေ့နေရာလေးမှာ ကိုယ်ရပ်နေမိတာကြောင့်
ဆိုင်ရှေ့ပိတ်ရပ်နေသလို ဖြစ်နေသည်မို့
ဘတ်ခ်ဟွန်းက တချက်မော့ကြည့်လာသည်။"အာ ဆောရီး"
ခေါင်းလေးတစ်ချက်သာ ငြိမ့်ပြသွားတဲ့
ဘတ်ခ်ဟွန်းက ရည်ရည်မွန်မွန်လေးလို့
သူတွေးမိတော့ အသဲယားပြန်သည်။ဆိုင်ထဲနောက်တစ်ခေါက် လိုက်ဝင်သွားတော့
Cashier က ကောင်လေးက ကိုယ့်ကို
ကြည့်လာသည်။ဂရုမစိုက်ဘဲ သောက်စရာတွေ တင်ထားတဲ့
စင်တွေဖက် တစ်ခုခုရှာသလို ဟန်ဆောင်နေမိသည်။လက်ထဲမှာ Colaတစ်ဗူးကိုင်ကာ
Snack ထုပ်တွေဖက်မှာ တံဆိပ်တွေသေချာလိုက်ဖတ်နေရင်း မုန့်ထုပ်တွေကြား အလုပ်ရှုပ်နေသည့်
ကျောပြင်လေးကို အဝ ငေးနေလိုက်သည်။အစိမ်းရောင် မုန့်တစ်ထုပ်နဲ့ Colaတစ်ဗူးယူကာ
ဘတ်ခ်ဟွန်းကကောင်တာမှာ ပိုက်ဆံရှင်းနေပြီမို့
တွေ့ရာ အအေးဗူးတစ်ခု ဆွဲယူကာ
ဘေးမှာ သွားရပ်လိုက်မိသည်။"ဟိုင်း"
တစ်ချက်ပြုံးပြကာ နှုတ်ဆက်တော့
ခေါင်းပဲ ထပ်ငြိမ့်ပြသည်။ပြန်အမ်းငွေတွေကို သေချာယူလိုက်ပြီး
ဘတ်ခ်ဟွန်းကို မှီအောင် မြန်မြန်လိုက်ရသည်။ရိုးရိုးခြေကြားညှပ်ဖိနပ် အမဲလေးသာ စီးထားတဲ့
ခြေထောက်ဖြူဖြူနုနုလေးတွေကအစ
ဘတ်ခ်ဟွန်းက ပြီးပြည့်စုံနေတာပဲ။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd