ဘတ်ခ်ဟွန်းကတော့ ဒီနေ့ဆေးရုံဆင်းရမည်မို့ သားသားကို မထားခဲ့ရက်ဘူးဆိုကာ ဝမ်းနည်းနေသည်မို့ ချန်းယောလ်နဲ့အတူ ကျန်မိသားစုတွေအကုန် စိတ်မကောင်းဖြစ်နေကြသည်။ရင်ဘတ်ထဲက ပိစိသေးသေးကွေးကွေးလေးက်ို ထွေးပွေ့ထားပြီး ဆံပင်ပါးပါးလေးပေါက်နေတဲ့ ခေါင်းလေးကို နှုတ်ခမ်းလေးနဲ့ဖွဖွလေးနမ်းလို့ ဘတ်ခ်ဟွန်းက သားသားလေးကို စကားတွေပြောနေသည် ။ ဒီလိုအချိန်မှာ မိဘရဲ့ အသံလေးတွေ အငွေ့အသက်လေးတွေကို သူတို့မှတ်မိနိုင်တာကြောင့် ဘတ်ခ်ဟွန်းက အသံတိုးတိုးနဲ့ သားသားကို စကားတွေပြောတတ်သည်။
NICU ၁၅ရက်နေပြီးတဲ့နေ့မှာ
သားသားဟာ မျက်လုံးလေးတွေစတင်ပွင့်လာပြီး
မျက်နာက သွေးကြောလေးတွေ တဖြေးဖြေးမှိန်လာပြီး
အလေးချိန်လည်း တိုးလာခဲ့ပြီ ဖြစ်သည်။"ချန်းယောလ်အဆင်သင့်ဖြစ်ပြီလား"
ဒေါက်တာမေးတာကို ချန်းယောလ် ခေါင်းတဆက်ဆက်
ငြိမ့်ရင်းပြန်ဖြေလိုက်သည်။ အပေါ်ပိုင်း အဝတ်စလစ်နဲ့ ချန်းယောလ်က မကြာခင် သူရင်ခွင်ထဲ ထွေးပွေ့ခွင့်ရတော့မည့် သားသားအတွက် ရင်တွေလည်း အရမ်းခုန်နေသလို စိတ်လည်း အလွန်လှုပ်ရှားနေမိသည်။Mask တွေ ခေါင်းစွပ်တွေ တပ်ထားရပြီး ကလေးနဲ့ထိတွေ့မည့်နေရာတိုင်းကို sanitize ကြိုလုပ်ထားပြီးဖြစ်သည်။
ဒီနေ့ဟာ သားနဲ့ ချန်းယောလ်ရဲ့ ပထမဆုံးအကြိမ်ထိတွေ့ခြင်းဖြစ်သည်။ အခန်းအပြင်မှာ မေနဲ့ အစ်ကိုဂျွန်မြောင်နှင့်အတူ ရီရှင်းက ကင်မရာတစ်လုံးကိုင်ကာ စောင့်နေသည်။ မကြာသေးခင်ကမှ ရောက်လာတဲ့ ချန်းယောလ်မာမီနဲ့ အစ်မဖြစ်သူဟာလည်း စိတ်မကောင်းဖြစ်ကာ
မျက်ရည်တစမ်းစမ်း။သူနာပြုလေးက ကိုင်တွယ်ရမည့်ပုံစံပြောပြီးတာနဲ့
ဘတ်ခ်ဟွန်းကိုယ်တိုင် ရင်ခွင်ထဲက သားလေးကို ချန်းယောလ်ရင်ခွင်ထဲ နေရာချပေးသည်။ သေးငယ်လွန်းတဲ့
သားသားဟာ ချန်းယောလ်ရင်ခွင်ထဲရောက်တော့ မှိတ်ထားတဲ့ မျက်လုံးသေးသေးလေးတွေ ပွင့်လာကာ
"အဲ့ "ဆိုတဲ့ အသံလေးထွက်လာသည်။သူနဲ့မရင်းနှီးသေးတဲ့ ကိုယ်အငွေ့အသက်မို့ ဒီလိုဖြစ်တယ်ဆိုတာ သိတာမို့ ဘတ်ခ်ဟွန်းနီးက မျက်ရည်တွေကြားထဲက ပြုံးသည်။ ကြီးမားလွန်းတဲ့ ချန်းယောလ်ဘယ်ဖက်လက်ဖဝါးတစ်ခုနဲ့တင် သားသားကို ဖုံးအုပ်ထားနိုင်ပြီး အပေါ်က ပုဝါအဖြူလေး လွှားထားရသည်။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd