" ဆရာဝန်လုပ်မယ့်သူက ဒီလိုပုံစံဆို ငါတို့ကျောင်းသားတွေ အကုန် ဆရာဝန်ဖြစ်ရင် အမြဲတမ်း
ရယ်နေရတော့မှာပဲ "ချန်းယောလ်ရဲ့ လက်ဖဝါးအကြီးကြီးကို
ဘတ်ခ်ဟွန်းရဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ ဖိကပ်ထားတာကြောင့်
ဆရာဝန်ကြီးက ခပ်ဟဟရယ်ရင်း စနောက်နေသည်။၈ရက်ကြာပြီး အာထရာဆောင်းပြန်ရိုက်နေကြခြင်း
ဖြစ်သည်။ လက်ဖျားလေးတွေ အေးစက်ကာ
ချွေးစေးလေးတွေထွက်နေသည်အထိ စိတ်လှုပ်ရှားနေတဲ့
ဘတ်ခ်ဟွန်းနီးသည် အစက ချန်းယောလ်လက်ကို
ကိုင်ရုံကိုင်ထားပေမယ့် အဖြူအမဲ ပုံရိပ် လှုပ်စိလှုပ်စိလေးနဲ့အတူ နှလုံးခုန်သံတိုးတိုးကိုပါ ထပ်ကြားတဲ့အခါ
မျက်ရည်တွေဝိုင်းကာ ချန်းယောလ်လက်ဖမိုးက်ို
ဖိကပ်ထားခြင်းဖြစ်သည်။"ကဲ သားလေးပါ ခင်ဗျာ"
အ ...
ဆရာဝန်ကြီးရဲ့ ပြုံးပြုံးရွှင်ရွှင် စကားအဆုံး
ချန်းယောလ်လက်ဖမိုးက ဆစ်ကနဲ စူးနစ်နစ်နာကျင်သွားသည်မို့ ရင်ထဲက လှိုက်တက်လာတဲ့ အပျော်တောင်
တဝက်တပျက်ဖြစ်သွားရသည်။"ချန်း သားသားလေးတဲ့ ချန်းယောလ်လီ ဟင့်"
လက်ကိုမလွှတ်ပဲ ရှိုက်နေတဲ့ဘတ်ခ်ဟွန်းနီးရဲ့မျက်ဝန်းတွေထဲက ကြည်နူးပီတိတွေက ချန်းယောလ်တောင်
ခံစားနေရသည်အထိ ဒီအခိုက်အတန့်လေးက
ချိုဆိမ့်ဆိမ့်လေးနဲ့ တသက်လုံးမှတ်မိနေမည့်
အခိုက်အတန့်လေး။ ငိုရှိုက်နေတဲ့ ဘတ်ခ်ဟွန်းနီးရဲ့ နဖူးပေါ်က ဆံပင်တွေကို သတ်တင်ပေးရင်း ကိုယ်တိုင်လည်း
မျက်ရည်ကျရသည် ။ သူတို့ဆီကို ရောက်လာမည့်
ကလေးလေးက သားသားလေးတဲ့။" ဘတ်ခ်ဟွန်းလည်း ဆရာဝန်တစ်ယောက်ဆိုတော့
အထူးတလည်တော့မှာစရာမရှိပါဘူး Due dateမတိုင်ခင်
၁၅ရက် ဆေးရုံကြိုတက်ရမယ်ဆိုတာလည်း သိတယ်နော်
လေ့ကျင့်ခန်းကတော့ မှန်မှန်ဆက်လုပ်ရမယ်
အစားအသောက်အနေအထိုင်က မေမေနဲ့ ချန်းယောလ်က
အထူးကြပ်မတ်ပေး "ခေါင်းလေး တဆက်ဆက်ငြိမ့်နေတဲ့မျက်ရည်တွေစိုနေသည့် မျက်နာလေးကို ချန်းယောလ်ငေးကြည့်နေမိသည်။
ချန်းယောလ် လေးစားပြီးရင်း
လေးစားရတဲ့ လက်တွဲဖော်လေး။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd