29

6.7K 969 41
                                    

ချန်းယောလ် ဘတ်ခ်ဟွန်းလက်ကို ဆုပ်ကိုင်ထားပြီး
မော်နီတာပေါ်က အဖြူအမဲစက်လေးကို ငေးကြည့်နေမိသည်။ ဒုတ် ဒုတ်ဆိုတဲ့ အသံခပ်တိုးတိုးကိုပါ ဆရာဝန်ကြီးက ဖွင့်ပြလာတဲ့အခါ သူ့တစ်ကိုယ်လုံး
ကြက်သီးမွှေးညင်းတွေထကာ မျက်ရည်တွေဝဲတက်လာရသည်။

" medical check upရလဒ်ကတော့အကုန်အဆင်ပြေတယ် ကလေးကလည်း ကျန်းမာတယ် တစ်ခုပဲ ကလေးအနေအထားက သိပ်သဘောမကျဘူး တစ်ခုခုဆို ထိခိုက်လွယ်လိုက်မယ်"

"ခင်မျာ "

"အခုချိန်ဆို ပုံမှန်အားဖြင့် ကလေးgenderကို ရှင်းရှင်းလင်းလင်းမြင်ရမည့် အချိန်ဆိုပေမယ့်
ကလေးက ညှပ်နေသလိုဖြစ်တာမို့ မသဲကွဲသေးဘူး
ကလေးရဲ့ ခေါင်းက ပုံမှန် ဦးတည်ဖက်မဟုတ်ဘူး
နားလည်အောင်ပြောရရင် သူက ပုံမှန်ကိုယ်ဝန်ဆောင်မှုပုံစံထပ် အနေကျဉ်းကြပ်တယ် အဲ့တာကြောင့် အထဲမှာ သူဘာသူ မလှည့်နိုင်ဘူးဖြစ်နေတယ်
"

သူ့လက်ဖဝါးကို ညစ်လာတဲ့ လက်လေးကြောင့်
သူဘတ်ခ်ဟွန်းနီးကို ငုံ့ကြည့်မိလိုက်သည်။ နားထင်တစ်လျှောက် စီးဆင်းနေတဲ့ မျက်ရည်တွေနဲ့ ။

"ဆရာ position လှည့်ကြည့်ဖို့"

"ခေါင်းပိုင်းမလို့ ဆရာတို့ မစွန်စားချင်ဘူး ဘတ်ခ်ဟွန်း"

ဘတ်ခ်ဟွန်းစကား မဆုံးခင် ဖြတ်ပြောလာတဲ့ ဆရာဝန်ကြီးကြောင့် သူလက်လေးကို နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ပြီး
အားပေးလိုက်သည်။

"ဒီကြားထဲ အနေအထားမှန်လာအောင် လေ့ကျင့်ခန်းတစ်ချို့လုပ်ကြည့်မယ် နောက်၇ရက်နေလို့မှ အနေအထားမမှန်သေးဘူးဆို ဆရာတို့ ကြိုးစားကြည့်ကြတာပေါ့
ကျန်တာတော့ စိတ်ပူစရာမရှိပါဘူး"

ဆေးရုံခန်းဆီ ပြန်လာတဲ့ တစ်လျှောက်လုံး ဘတ်ခ်ဟွန်းနီးက အသံတိတ်နေတယ်။ ဘေးကနေ မျက်နာလေးကြည့်ရင်း သူ့စိတ်ကိုလည်း ဖတ်ရသေးသည်။

" လုပ်နိုင်တယ် "

"ဟင်"

ဗိုက်ကိုကိုင်ကာ ရုတ်တရက်ပြောလာတဲ့
ဘတ်ခ်ဟွန်းနီးကြောင့် သူခြေလှမ်းတို့ပါ ထပ်တူ ရပ်တန့်ပေးလိုက်သည်။

JOYOUS Where stories live. Discover now