25

8K 1K 82
                                    

အဖြူရောင်ဂါဝန်ရိုးရိုးရှင်းရှင်းလေးနဲ့ လက်ထဲမှာ
ပန်းနုရောင်ပန်းစီးလေးတစ်ခု ကိုင်ပြီး အလှဆုံးပြုံးနေတဲ့
သတို့သမီးတစ်ယောက် ။ ဘေးမှာတော့ တစ်ဘဝစာ မှီခိုရမည့် ရင်ခွင်ပိုင်ရှင် ပြီးတော့ သူမ ချစ်ခင်မြတ်နိုးရတဲ့လူတစ်ယောက်။

လူကုံထံမိဘတွေက အစိုးရအရာရှိဖြစ်ဖို့ ကြိုးစားနေတဲ့
သာမာန်မိသားစုက သူနဲ့ သဘောမတူတာကြောင့် အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပေမယ့် မျက်ဝန်းကြည်ကြည်တောက်တောက်တွေဟာ သူမဘဝ ခိုလုံပစ်လိုက်ဖို့ ဝန်မလေးခဲ့။

သူ တာဝန်ကျရာ နယ်မြို့လေးက ဆေးရုံငယ်လေးမှာ
သားကြီး ကိုယ်ဝန်ရှိကြောင်း သိရတဲ့နေ့ တစ်မြို့လုံးသိအောင် ကြွားခဲ့တဲ့ အရာရှိငယ်လေး။

ပုံမှန်လစာလေးနဲ့ပဲ ကိုယ့်ကို စိတ်ချမ်းသာအောင်
ထားပေးခဲ့တဲ့ သားတို့ဖေဖေဟာ တကယ်ကို တာဝန်ကျေတဲ့
ဖခင်တစ်ယောက်။

ကံကောင်းစေတဲ့ ကလေးလေးမို့ မွေးဖို့ဆေးရုံတက်တဲ့နေ့မှာ ရာထူးတိုးခံလိုက်ရတဲ့ သားတို့အဖေ။ ဂျွန်မြောင်လေးမွေးပြီးတော့လည်း အဖေကို သိပ်ကပ်လွန်းတဲ့ သားကြီးဟာ သူသွားလေရာ လိုက်ရမှ ကျေနပ်တဲ့
အဖေချစ် ကလေးလေးဖြစ်ခဲ့သည်။

Blighted Ovun ကြောင့်ကုသမှုခံယူပြီး
နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ဖို့
မသေချာတော့တဲ့အကြောင်း
ဆရာဝန်တွေက ပြောကြားလာတဲ့အခါ
ငိုယိုစိတ်ဓာတ်ကျခဲ့ရသည်။

ကိုယ်တိုင်က တစ်ဦးတည်းသော သမီးဖြစ်ခဲ့တာမို့ မောင်နှမသားချင်းမရှိတဲ့အခါအားငယ်ခဲ့ရတဲ့
ခံစားချက်ကို ကောင်းကောင်းသိတာမို့ သားကြီးကိုလည်း ညီလေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်
ရှိစေချင်သည့်ဆန္ဒကပြင်းပြသည်။

နောက်ထပ် တစ်ခေါက်လောက်
ကိုယ်ဝန်ဆောင်ဖို့ ဆရာဝန်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးကာ  လင်မယားနှစ်ယောက် ကြိုးစားခဲ့ကြသည်။

၇နှစ်အကြာ လုံးဝမဖြစ်နိုင်တော့ဘူးဆိုကာ
လင်မယားနှစ်ယောက် လက်လျော့ဖို့ စိတ်ပြင်ဆင်ကြသည်။

JOYOUS Where stories live. Discover now