10

8K 1K 56
                                    

စာမေးပွဲပြီးလည်း project ကာလမို့
ဘတ်ခ်ဟွန်းနဲ့မတွေ့နိုင်ဖြစ်နေတာ
ရက်သတ္တပတ်ကာလ ရှိနေပြီဖြစ်သည်။

ပုံမှန်ဆို ညနေ လမ်းထိပ်လေးမှာ သွားစောင့်ပြီး
ခိုးတွေ့လို့ရနေပေမယ့် ဘတ်ခ်ဟွန်းက
မိသားစုနဲ့ ခရီးထွက်သွားတာကြောင့်
မတွေ့ရဖြစ်နေခြင်း။

မိသားစုနဲ့အတူ ရှိနေ၍လားတော့မသိ
ဘတ်ခ်ဟွန်းက တစ်နေ့နေလို့ ဖုန်းတစ်ခါတောင်
မခေါ်နိုင်။

"ချန်းယောလ် ဒါ မင်းလုပ်ကြည့် "

ဂျွန်ယောင်း လက်ထဲ လာထိုးထည့်ပေးသွားတဲ့
Microphone အသေးလေးကို ကြည့်ပြီး
သက်ပြင်းချကာ ထိုင်နေရာမှ ထသွားမိသည်။

သူ့ကို လွမ်းနေရအောင် လုပ်တဲ့ ဘတ်ခ်ဟွန်းက
အဆိုးလေးပဲ။

တကယ်ဆို ဒီနေ့က သူနဲ့ ဘတ်ခ်ဟွန်း ရည်းစားဖြစ်တာ
၄လပြည့်တဲ့နေ့မဟုတ်လား။

Raspberry Pi Magic Mirror လို့ခေါ်တဲ့
မှန်ချပ်ကြီးနဲ့ displayတစ်ခုလုပ်ကာ
Google သဘောမျိုး အသုံးပြုသည့်အရာတစ်ခုကို
သူတို့ အဖွဲ့က Project လုပ်ရမည်ဖြစ်သည်။

အနုစိတ်လုပ်ရသည့်အရာတွေများလွန်းလို့
ညဆိုလည်း အိမ်ပြန်မိုးချုပ်ရတဲ့
ရက်တွေကလည်းမနည်း။
ပင်ပန်းတဲ့အပြင် အလွမ်းပါပိုနေရတာမို့
ချန်းေယာလ် မျက်နာက မသာမယာ။

ဒီညတော့ ဖုန်းပြောရင် ဘတ်ခ်ဟွန်းကိုအများကြီး
လွမ်းနေကြောင်း ထည့်ပြောရလိမ့်မည်။

ညနေ၇နာရီလောက်မှာ "ဒီနေ့ စောစောနားကြမယ်"ဆိုတဲ့
သူငယ်ချင်းမလေးနဲ့ ဆောဩသံကြောင့် အိမ်ပြန်ဖို့
ပြင်ဆင်နေလိုက်သည်။

အစ်မဖြစ်သူ USပြန်သွားပြီးကတည်းက
တစ်ယောက်ထဲနေတဲ့ သူမို့ ညစာပါ တစ်ခါထဲ
ဝယ်ပြန်မည်ဟု တွေးနေတုန်း

"ဒီည သောက်ရအောင် "

မီယောင်းက တက်တက်ကြွကြွ ပြောလာတော့
ကျန်တဲ့သူတွေက အဆင်ပြေနေပေမယ့်
ဒီည ဘတ်ခ်ဟွန်းက ဖုန်းခေါ်မယ်ပြောထားတာကြောင့်
ချန်းယောလ်က ငြင်းလိုက်မိသည်။

JOYOUS Where stories live. Discover now