26

8.1K 951 67
                                    

ဒီအတိုင်းလေးလည်း နေနိုင်ပါတယ် တစ်သက်လုံး
ချစ်ခွင့်မရှိပေမယ့် ပေါ့။ ဒါပေမယ့် အစ်ကိုသိထားပေးပါ
ကျွန်တော့်တစ်ဘဝလုံး အစ်ကို့ဆီက အချစ်ကို
အမြဲတောင့်တနေတယ်ဆိုတာ ။

အမိနိုင်ငံမဟုတ်ပေမယ့် ဒီမြေမှာကြီးခဲ့တဲ့သူ့ဖို့
တွယ်တာစရာ သံယောဇဉ် များစွာနဲ့ နှုတ်ဆက်ရတော့မည်။ နှလုံးသားလေးကို မြုပ်နှံထားခဲ့တဲ့
ဒီမြေကို သူရောက်ဖြစ်တိုင်း ရင်ဘတ်ထဲက
တဆစ်ဆစ်နာကျင်နေအုန်းမယ်ထင်သည်။

"  သတိရနေမယ် ရီရှင်း"

မီယောင်းက လက်မောင်းကို တစ်ချက်ရိုက်ကာ
ပြုံးပြရင်း နှုတ်ဆက်သည်။ ဆိုရာနဲ့ ဂျွန်ယောင်းကလည်း
ပြုံးရင်း ဘေးမှာ ရပ်နေသည်။

တက္ကသိုလ်တက်တဲ့နှစ်တွေမှာ သွားအတူ လာအတူ
သူငယ်ချင်းတွေမို့ မောင်နှမတွေလို ရင်းနှီးနေခဲ့သည်။

"ချန်းယောလ်က မလာသေးဘူး
Boarding time ကနီးနေပြီမလား "

"လာမှာပါဟ သူများက အိမ်ထောင်သည်
သွားချင်တိုင်းသွား လာချင်တိုင်းလာလို့တော့
ဘယ်ရမလဲ "

ဂျွန်ယောင်းအပြောကို ရယ်နေကြတုန်း
သူတို့ဆီကို လာနေတဲ့ လူနှစ်ယောက်။

" ငါတို့ ဒီမှာ "

မီယောင်းက ခုန်ဆွဆွလုပ်ကာ ဘတ်ခ်ဟွန်းရဲ့ပုခုံးကို
ဖက်ကာ ဖြေးဖြေးချင်း လျှောက်လာနေတဲ့
ချန်းယောလ်တို့ကို လှမ်းအော်သည်။

"ဘတ်ခ်ဟွန်း ဒီနေ့ duty offတာလား"

"ဟုတ်တယ် ရီရှင်းကို နှုတ်ဆက်ချင်လို့လေ"

၁၅မိနစ်လောက် သူငယ်ချင်းတွေ စလိုက် ပြောင်လိုက်
ရယ်လိုက်နဲ့ အမှတ်တရတွေလည်း ပြန်ပြောရင်းပေါ့။

တကယ်ဆို မခွဲချင်ပါဘူး ။ အခြေအနေက မပေးတော့လည်း ခွဲခွါကြရတာပါပဲ ။ ပါပါးရဲ့ စီးပွါးရေးကို
သူတကယ်လည်း ဝင်ကူဖို့ လိုအပ်နေတာကြောင့်သာ။

"သားရေ မားတို့ ဝင်ရအောင်"

လာခေါ်တဲ့ မားကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်နေဟန်။ မီယောင်းတို့ ဆိုရာတို့ကလည်း မားကို ဖက်ကာ
နှုတ်ဆက်နေကြသည်။

JOYOUS Where stories live. Discover now