5

7.5K 1K 20
                                    

Phoneကို လက်ထဲကမချနိုင်ဘဲ
တပြုံးပြုံးဖြစ်နေတဲ့ ချန်းယောလ်က
၁၀စက္ကန့်တစ်ခါလောက် ဘတ်ခ်ဟွန်းပို့လာတဲ့
ခွေးရုပ်လေးကို ဖွင့်ဖွင့်ကြည့်ကာ
"ချစ်စရာကောင်းလိုက်တာ"ဆိုတဲ့ စကားကိုလည်း
တဖွဖွရေရွတ်ပြန်သည်။

"ငါ သူ့ကို ဖွင့်ပြောဖို့ ဘယ်က စရမှန်းမသိဘူးကွာ "

"ရည်စားမထားဖူးတာကျနေတာပဲ မင်းကလည်း"

ဆရာ မဝင်သေး၍ ဆူညံနေတဲ့ အခန်းထဲ
ရီရှင်းကလည်း YouTube က videoတစ်ခုကြည့်နေရင်း
ဝင်ပြောသည်။

"မတူလို့ပေါ့ကွာ ယောကျ်ားလေးတစ်ယောက်ကို
ချည်းကပ်ရတာ မိန်းကလေးတွေထပ် ခက်တယ်ကွ "

ပုခုံးသာ တွန့်ပြတဲ့ ရီရှင်းက သူကြည့်နေတဲ့
Video ကို အရမ်း စိတ်ဝင်စားနေတာမို့
ဘာမှ ထပ်မပြောတော့ဘဲ နောက်တစ်ခါ
ဖုန်းကိုဖွင့်ကြည့်လိုက်မိသည်။

မီးစိမ်းနေတဲ့ Accလေးကြောင့်
ရုတ်တရက် ရင်ထဲ ဒိတ်ခနဲ။

ကီးဘုတ်ပေါ် ယောက်ယက်ခတ်နေတဲ့ လက်မနှစ်ချောင်းက ဘာရေးလို့ရေးရမှန်းမသိ ။

"ကျောင်းမှာလား ဘတ်ခ်ဟွန်း "

Sentဖြစ်သွားပေမယ့် Seenမဖြစ်သေးတာမို့
ဖုန်းကိူ လက်ကချကာ ချွေးပြန်လာတဲ့
လက်ဖဝါးနှစ်ဖက်ကို ပွတ်နေမိသည်။

Vibrate ဖြစ်သွားတဲ့ ဖုန်းကြောင့်
အဆမတန်ခုန်နေတဲ့ ရင်ဘတ်ကို တစ်ချက်ဖိကာ
ယူကြည့်လိုက်သည်။

"ဟုတ်တယ် ချန်းယောလ်ကော ကျောင်းမှာလား" ဆိုတဲ့
စာလေးနဲ့အတူ Baekhyunne Started following youဆိုတဲ့ notiလေးပါ တွေ့လိုက်ရသည်။

" ညနေ ဆေးကျောင်းဖက် လာစရာရှိလို့
ဘတ်ခ်ဟွန်းအချိန်ရလား "

အရဲစွန့်ကာ ပို့လိုက်မိတဲ့ စာလေးက ချက်ချင်းseenဖြစ်သွားသည်။  

" ဟုတ်လား ဘယ်အချိန်လောက်လဲ "

" ၄နာရီလောက် ဘတ်ခ်ဟွန်းကို မုန့်လိုက်ကျွေးချင်လို့ "

" Ha Ha တကယ်လား
ဒါဆို အချိန်ရပါတယ် ခင်ဗျာ"

ချစ်စရာကောင်းအောင် ပြောတတ်တဲ့
ဘတ်ခ်ဟွန်းပုံစံလေးကို ပုံဖော်ရင်း
အားရပါးရ ပြုံးမိသည်။

JOYOUS Where stories live. Discover now