2

8.3K 1.2K 59
                                    

ဘာလိုလိုနဲ့ ချန်းယောလ် အဖြူရောင်ကောင်းလေးကို
ရူးနေခဲ့တာ ၁လတိတိရှိခဲ့ပြီ ။

ကျောင်းကန်တင်းထဲ အအေးတစ်ခွက်ဆီမှာကာ
ဖြတ်သွားဖြတ်လာတွေကို ကြည့်နေရင်း
ချန်းယောလ်က ငြိမ်နေသလောက်
ရီရှင်းကတော့ ဖုန်းတစ်လုံးနဲ့ ။

" ငါသူ့ကို ဘယ်လိုရှာရမလဲ နာမည်လေးသိရင်တောင်
IGမှာရှာလို့ရအုန်းမယ်"

ခေါင်းထောင်ကြည့်လာတဲ့ ရီရှင်းက ပါးချိုင့်တွေ ခွက်နေအောင် ရယ်သည်။

" မင်းနဲ့သာ ရေစက်ပါရင်
ထပ်တွေ့မှာပဲ မင်းတော်တော်ဖြစ်နေလို့
မတွေ့တာလည်း ဖြစ်နိုင်တာပဲလေ "

ချန်းယောလ် အသံတိုးတိုးနဲ့ ဆဲတာကိုလည်း
ရယ်နေပြန်တယ်။

"ငါ့အထင် သူက အထက်တန်းကျောင်းသားလောက်ပဲရှိအုန်းမယ်ထင်တယ် "

" ချန်းယောလ် ဒီဆိုင် tryကြည့်ရအောင်"

ရီရှင်းက ချစ်စရာ ကိတ်မုန့်သေးသေးလေးတွေပုံတွေကို
ပြရင်း သူ့ဖုန်းကို ထိုးပေးလာသည်။

Connection ဆိုတဲ့ ဆိုင်နာမည်နဲ့ အဝါရောင်ဆိုင်းပုတ်လေး။

"အင်း သွားလေ "

ဖုန်းကို ထုတ်ကြည့်တော့ အဖြူရောင် ကောင်လေးရဲ့
အပြုံးတွေက Lock screen ထပ် လှပနေသည်။

-ဘယ်တော့များမှ ထပ်တွေ့ရမလဲကွာ

____________
ကောင်တာမှာ cupcake တွေရော cream cake တွေရော
သုံးလေးခုမှာပြီးတာတောင် ဘာမှာရမလဲဆိုပြီး
ထပ်ရွေးနေတဲ့ ဘုံဘုံးကို ပြုံးပြီးသာကြည့်နေလိုက်သည်။

မေမေပြောတာတော့ သေချာစပ်လိုက်ရင်း
အမျိုးတော်တယ်ဆိုလားပဲ ။
ကိုယ့်ထပ် ၇လငယ်တော့ ညီမလေးလိုပဲ
ချစ်ရသည်။ သူကိုယ့်ကျောကို တဘုန်းဘုန်းချတဲ့အချိန်ကလွဲလို့ပေါ့။

"ရပြီ ဒီလောက်ပဲ "

သူ့ကိုလှည့်ကာ သူမှာလို့ပြီးပြီဆိုတဲ့အကြောင်း
လှမ်းပြောလာတာမို့ ရှေ့အနည်းငယ်တိုးကာ
ပိုက်ဆံရှင်းဖို့ ကဒ်ထုတ်ပေးလိုက်သည်။

"နင်ယူလာနော် ငါသွားထိုင်နှင့်မယ် ပေးလွယ်အိတ် "

ဂျူတီကုဒ်ကို လက်ပေါ်တင်လျက်နှင့်သာ ခေါင်းငြိမ့်ပြတော့ သူမကတော့ ကိုယ်ကျောပိုးအိတ်ကို သယ်သွားနှင့်ပြီ ။

JOYOUS Where stories live. Discover now