17

7.5K 1K 27
                                    

ကားအတွင်းလေထုက အေးစက်နေရုံသာမက အေးခဲနေခဲ့သည်။ နိုးလာတာနဲ့ အိမ်ပြန်မယ်ဆိုတဲ့စကားကလွဲပြီး တခြားဘာစကားမှမဆိုဘဲ မျက်နာကလည်း လုံးဝပျက်ယွင်းကာ အံကြိတ်ထားပုံရတဲ့ ဘတ်ခ်ဟွန်းကလည်ပင်းကြောတွေတောင် ခပ်ထင်းထင်းမြင်နေရသည်။

အရမ်းစိတ်လှုပ်ရှားနေပုံရတဲ့ ဘတ်ခ်ဟွန်းနီးက အောက်နှုတ်ခမ်းကို ကိုက်လိုက် လျှာဖြင့်သပ်လိုက် လုပ်နေရင်း တဆက်ဆက်တုန်နေတဲ့လက်နှစ်ဖက်ကိုပါ ပွတ်သပ်နေသည်။

ဆေးရုံအုပ်ကြီးရဲ့ စကားကိုကြားလိုက်တဲ့အချိန် ချန်းယောလ်ခေါင်းထဲ လက်ပစ်ဗုံးတစ်လုံးကွဲသွားသလို ခံစားလိုက်ရသည်။ သူ့ရဲ့ မဖြစ်နိုင်တာဆိုတဲ့ စကားကို ဆရာဝန်ကြီးတွေက ဆေးပညာအချက်အလက်တွေဖြင့် သေချာရှင်းပြပေးသည်။

"သားတို့သာ သဘောတူရင် ဒေါက်တာတို့က သူတေသနပြုရင်း ဒီကိစ္စကိုတာဝန်ယူချင်ပါတယ်"ဆိုတဲ့ အပြောကို ချန်းယောလ် အတည်ပြုပေးခြင်းတစ်စုံတစ်ရာမဆိုခဲ့။

"ကျွန်တော် ဘတ်ခ်ဟွန်းနဲ့သေချာတိုင်ပင်ကြည့်ချင်ပါသေးတယ် ပြီးတော့ ဒေါက်တာတို့ကိုတစ်ခုတောင်းပန်ချင်တာက ဒီကိစ္စကို ဘတ်ခ်ဟွန်းရဲ့ သဘောတူညီချင်တစ်စုံတစ်ရာမရမချင်း အပြင်ကိုမပေါက်ကြားစေချင်ပါဘူး သူ့အုပ်ထိန်းသူတွေကအစပါ လူနာရဲ့privacyကို ဒေါက်တာတို့က ပိုနားလည်မယ်လို့မျှော်လင့်ပါတယ် "

" စိတ်ချပါ ဒါပေမယ့် သားတို့ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေလို့တော့မရဘူး ဒါက အရမ်းriskများလွန်းတယ် သား အခန့်မသင့်ရင်လူကြီးပါ ဆိုးဆိုးဝါးဝါးထိခိုက်သွားနိုင်တယ်"

"ဟုတ်ကဲ့"

ဆရာဝန်ကြီးတွေရဲ့စကားတွေပြန်ကြားယောင်ကာကား​မာင်းနရင်း ချန်းေယာလ်မျက်ရည်တို့ကျရပြန်သည်။
သူမပျော်ဘူးလားလို့မေးရင် ပျော်ပါတယ် ဒါပေမယ့် သူ့စိတ်ထဲ ဘတ်ခ်ဟွန်းနီးကို အားနာတဲ့စိတ်က သေလောက်အောင်ပဲ။ အဓိက ဒီကိစ္စမှာတာဝန်အရှိဆုံးသူက ကိုယ်တိုင်ပဲမလား။

ဘတ်ခ်ဟွန်းနီးက ယောကျ်ားလေးတစ်ယောက် အထူးသဖြင့် ဆေးလောကအသိုင်းအဝိုင်းမှာ ကျင်လည်ရမယ့် လူတစ်ယောက်။ ပညာတတ်အသိုင်းအဝိုင်းတွေကြား ဘတ်ခ်ဟွန်းဟာ လူပြောခံရမှာ သူသေမှာထက် စိုးရိမ်ကြောက်ရွံ့ပါသည်။

JOYOUS Where stories live. Discover now