Chanyeol ဝယ်ပေးထားတဲ့ Stethoscope လေးကို လည်ပင်းပေါ်တင်လိုက်ရင်း သက်ပြင်းချမိသည်။အလုပ်သင်ဆင်းတာ ၁လတောင်မပြည့်သေးပေမယ့် ပင်ပန်းလွန်းလို့ ဘတ်ခ်ဟွန်းမှာ မျက်နာလေးတွေတောင်ကျသွားသည်။ ပြီးတော့ ဘတ်ခ်ဟွန်းတို့Wardက ပိုပင်ပန်းတာမို့ တနေကုန်ထိုင်ရတယ်ဆိုတာ ခပ်ရှားရှား။ ညနေအိမ်ပြန်ပြီဆို ခြေသလုံးတွေတောင့်တင်းနေကာ လှုပ်ကိုမလှုပ်ချင်တော့တဲ့အထိ။ဆရာဝန်တစ်ယောက်ဖြစ်မယ့်သူဆိုတာ ဘယ်အရာမှ ပေါ့ပေါ့တန်တန်လုပ်လို့မရတာကြောင့် ဘတ်ခ်ဟွန်းအပါအဝင် ကျန်တဲ့သူတိုင်းက အတူတူတစိုက်မတ်မတ်ပဲကြိုးစားကြရင်း
ညနေ အိမ်ပြန်ချိန်ဆိုလည်း အတူတူညီးညူကြသည်။ဆေးရုံပိုးသတ်ဆေးနံ့ပြင်းပြင်းတွေက ပင်ပန်းနေတဲ့ချိန်ဆို
အသက်မရှုချင်တော့လောက်အောင်ကို ထောင်းထောင်းထနေသည်။ ဂျုဒီကုတ်က အိပ်ကပ်မှာ ဘောပင်ကိုထိုးထည့်လိုက်ပြီး ဆရာဝန်ကြီး round လှည့်တာကို လိုက်ဖို့ ဘတ်ခ်ဟွန်းတို့အုပ်စု အဆင်သင့်စောင့်နေလိုက်သည်။အသံမာမာနဲ့ ဆရာဝန်ကြီးက သူတို့အလုပ်သင်တွေသာမက တစ်ချို့ဆရာဝန်တွေတောင်ရှိန်ရသည်မို့ ဒီလိုroundလှည့်ချိန်ဆို သူတို့ကြောက်ဒူးတုန်နေကြပြီဖြစ်သည်။
"Fighting " ဆိုပြီး စိတ်ထဲကနေသာ ကိုယ့်ဘာသာ အားပေးလိုက်ရင်း လက်ထဲက noteစာအုပ်ကိုလှန်ကာ မနေ့က details အချို့ပြန်ဖတ်နေလိုက်သည်။ ဘုံဘုံးတို့ wardကလူတွေလည်း ပင်ပန်းလွန်းလို့ Group Chatထဲမှာ ငိုယ်ိုနေလိုက်ကြတာ။ ဒါတောင် night dutyတွေမလာသေးဘူး ။ Night Dutyတွေသာစရင် ဖြစ်ပျက်နေမယ့် အတန်းထဲကသူတွေကို တွေးမိရင်း
ဘတ်ခ်ဟွန်းရယ်ချင်လာသည်။Ting
"Fighting ကိုယ့်ပူတင်းလေး ညနေအတွက်"ဆိုတဲ့ massage လေးနဲ့အတူ ရုပ်ရှင်လက်မှတ်နှစ်စောင်ကိုပါ ဓာတ်ပုံရိုက်ကာပို့လာတဲ့ ချန်းယောလ်။
ချန်းယောလ်လောက်အလိုက်သိတာ ချန်းယောလ်ပဲရှိတယ်။ အရင်တပတ်က ဒီကားရုံတင်ရင်ကြည့်ချင်လိုက်တာလို့ပြောတာကို မှတ်ထားတယ်။ကြာကြာကြည်နူးချိန်မရ ဆရာဝန်ကြီးရုံးခန်းထဲက ထွက်လာပြီမို့ ဖုန်းကိူ အိပ်ကပ်ထဲထိုးထည့်လိုက်ရသည်။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd