31

7.5K 1K 67
                                    

လေယာဉ်မကြာခင် ဆင်းသက်တော့မည်ဆိုတဲ့
ကြောညာချက်အပြီး ဂျွန်မြောင် ခါးက safety belt ကိုတစ်ချက်စစ်ပြီး ခါးမတ်မတ်ပြန်ထိုင်လိုက်သည်။
အလုပ်ကိစ္စမဖြစ်မနေလာရလို့သာ အိမ်က မေမေနဲ့ ငယ်လေးကို လုံးဝစိတ်မချ။ ၃ရက်ခရီးပဲမို့ ပြီးတော့
ချန်း​ယောလ်ရှိတာပဲဆိုပြီး ဒီကိုလာဖို့လက်ခံလိုက်ရသည်။

သူတို့ကုမ္မဏီက ထုတ်ကုန်တစ်ခုကို တရုတ်မှာ ကိုယ်စားလှယ် ဖြန့်ဖြူးရောင်းချပေးမည့် ကုမ္မဏီနှင့်
စာချုပ်ချုပ်ရန်အပြင် ဖွင့်ပွဲအခမ်းအနားမှာ
ဖဲကြိုးဖျက်ပေးရန် အတွက် ဖိတ်ကြားခံရတာမို့
CEOရဲ့ စေခိုင်းမှုကို သူမငြင်းဖြစ်။

ကြီးမားလှတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံတကာလေဆိပ်ကြီးထဲ
ခရီးသွား ဧည့်သည်တွေ ဝန်ထမ်းတွေ စသည်ဖြင့် လူမျိုးပေါင်းစုံ စည်ကားနေသည်။ Immigration ဖြတ်ပြီး
ဂိတ်ပေါက်ကျော်တာနဲ့ သူ့ကို အသင့်စောင့်နေတဲ့
လူနှစ်ယောက်က ကားဆီသို့ ခေါ်သွားသည်။

၂နာရီ ကျော်သာကြာသည့် ခရီးမို့ သိပ်မပင်ပန်းတာကြောင့် နေ့လည်ပိုင်းမှာပဲ စာချုပ်ချုပ်မည့်ကိစ္စကို ချက်ချင်း
ဆောင်ရွက်မည်ဖြစ်ကြောင်း သူကြိုတင်အသိပေးပြီးသားဖြစ်သည်။

"အခု ရုံးချုပ်ကို သွားနေတာပါ
တခြား ဘာများ အလိုရှိပါသလဲ "

ရှေ့ခန်းဘေးက ဝတ်စုံပြည့်နဲ့ လူတစ်ယောက်က
မေးလာသည်မို့ သူခေါင်းခါပြရင်း ကျေးဇူးတင်ကြောင်းပါ တစ်ခါတည်းပြောလိုက်သည်။ ဂျွန်မြောင်တို့ ကုမ္မဏီက တရုတ်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အများကြီး အဆက်အဆံပြုရတာမို့ တရုတ်စကားကို အကျွမ်းကြီးမဟုတ်တောင် သူနားလည်တတ်သိထားရသည်။

ကြီးမားလွန်းတဲ့အဆောက်အအုံရှေ့ ကားရပ်လိုက်တာနဲ့
တံခါးကို အသင့်ဖွင့်ပေးလာသည်မို့ သူဆင်းလိုက်သည်။
ခုနတုန်းကမေးသည့်လူကပဲ ရှေ့ကနေ ဦးဆောင်ခေါ်သွားတာမို့ သူပတ်ဝန်းကျင်ကို အကဲခတ်ရင်း လိုက်လာမိသည်။ ဓာတ်လှေကားထဲ ၁၂ဆိုတဲ့ နံပါတ်လေးနှိပ်ထားတာမို့ တရွေ့ရွေ့တက်နေတဲ့ နံပါတ်လေးတွေကိုသာ သူက့ည့်နေမိသည်။

JOYOUS Where stories live. Discover now