40(3)

7.1K 879 34
                                    

"ဖယ်စမ်းပါ ရီရှင်းရယ် ရေနွေးတွေကိုင်နေတာနော် "

အခုဂျွန်မြောင်ရောက်နေတာကတော့ အထပ်၂၀မှာရှိတဲ့
ရီရှင်းရဲ့ကွန်ဒိုတိုက်ခန်းတစ်နေရာဖြစ်သည်။ ကိုယ်သာ သူ့ဆီလိုက်မလာရင် သေတော့မည်လူလို လုပ်ပြနေတော့ ရုံးပိတ်ရက်အပြင် ထပ်တိုး၁ရက် ခွင့်ယူကာ သူ့ရဲ့ မိခင်မြေဆီသို့ ခြေချရတော့သည်။

"အက်ိုကလည်း "

စွပ်ကျယ်တထည်သာဝတ်ထားတာမို့ ပေါ်လစ်နေတဲ့ ဂျွန်မြောင်ရဲ့ လက်မောင်းတွေကို လက်နဲ့ ပွတ်သပ်ရင်း
ရီရှင်းက ဂျီကျသည်။ တကယ်တော့ ဂျွန်မြောင်နဲ့ ရီရှင်းရဲ့
ဆက်ဆံရေးက ချစ်သူရည်စားလည်းမဟုတ်ဘူး ဘာလို့ဆို ဂျွန်မြောင်က ရီရှင်းကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးလို့ပဲ ။ချစ်သူတွေလို ရီရှင်းက အတိအကျ အဖြေမတောင်းသလို ဂျွန်မြောင်ကလည်း အတိအကျ သူတို့ဆက်ဆံရေးကို သတ်မှတ်မပေးပါ။ ဒါပေမယ့် သူတို့နှစ်ယောက်က
စိတ်ထဲရှိတဲ့အတိုင်း ပြုမူလို့ရသည်။ ဥပမာ - နမ်းချင်တဲ့အခါ ခွင့်မတောင်းပဲ နမ်းလို့ရသလို ဒီထပ်လည်း
အဆင့်တက်ခဲ့ကြဖူးတာလည်းရှိသည် ။

" shower cream အနံ့က တကယ်ကောင်းတာပဲ"

လည်ဂုတ်တွေဆီ နှုတ်ခမ်းတွေနဲ့ပွတ်ဆွဲရုံတင်မက
လျှာဖျားတွေပါ အသုံးပြုလာတော့ ကြက်သီးတွေကဖြန်းကနဲ။ ဒီကောင်လေးဟာ တကယ်လက်ရဲဆက်ရဲမို့
ဂျွန်မြောင်လည်း ပြောမရလို့ လွှတ်ထားရသည်။

" မင်း အခုချက်ချင်းမလွှတ်ရင် တစ်နေ့လုံးငါ့ကို
ထိဖို့မစဉ်းစားနဲ့ "

ခါးဆီက တင်းကြပ်နေတဲ့ လက်တစ်စုံက ချက်ချင်းပြေလျော့သွားသည်။ ဖျော်ထားတဲ့ ကော်ဖီနှစ်ခွက်ကို ယူကာ ဧည့်ခန်းဆီ ထွက်လာတော့ အနောက်ကနေ ဆူပုတ်ပုတ်နဲ့
လိုက်လာသည်။ ဂျွန်မြောင်ဘေးဝင်ထိုင်ကာ နောက်မှီကိုမှီပြီး မျက်လုံးတွေမှိတ်ထားသည်။ မနေ့ညက ညနက်တဲ့အထိ အလုပ်မပြီးလို့စောင့်ရင်း ဂျွန်မြောင်က အိပ်ပျော်သွားတာမို့ ရီရှင်းဘယ်အချိန်ဝင်အိပ်မှန်းမသိလိုက်။ မိုးလင်းတော့လည်း အရင်နိုးတဲ့ ဂျွန်မြောင်နဲ့အတူတူ
လိုက်ထလာတော့ အိပ်ရေးမဝချင်တဲ့ပုံ။

JOYOUS Where stories live. Discover now