27

7.3K 1K 81
                                    

ဘာတူရီယာမှ မပါဘဲ ခပ်တိုးတိုးညည်းနေတဲ့
Greatest showmanရဲ့ ဇာတ်ဝင်တေး
A million dream သီချင်းသံက ခြံထဲမှ
ထွက်ပေါ်နေတာမို့ ဂျွန်မြောင်ကုတင်ပေါ် လှဲနေရာကနေ
အသာထကာ ခန်းဆီးပင့်တင်လိုက်ပြီး ပြတင်းပေါက်က
လှမ်းကြည့်မိသည်။ ဒီသီချင်းက ငယ်လေးငယ်ငယ်ထဲက
အရမ်းသဘောကျတဲ့ သီချင်းလေးမို့ သေချာပေါက်
သူအလွတ်ရတဲ့အထိ မှတ်မိနေခဲ့တာ။

ကားနှစ်စီးရပ်ဖို့နေရာအပြင် မေမေစိုက်ထားတဲ့ ပန်းအိုးအနည်းငယ်နဲ့ နှစ်ယောက်စီး ဒန်းလေးတစ်ခုသာရှိတဲ့ သူတို့
ခြံငယ်လေးထဲက မီးမှိန်မှိန်အောက် မြင်ရတဲ့ မြင်ကွင်းက မျက်လုံးတွေ ပြူးကျယ်သည်အထိ။

ကလေးချီသလိူ အချီခံထားရတဲ့ ငယ်လေးက
ချန်းယောလ်ခါးပေါ် ခြေထောက်တွေချိတ်ကာ လည်တိုင်ကို သိုင်းဖက်ထားရင်း ပုခုံးပေါ် မျက်နာလည်းအပ်ထားသေးသည်။

သီချင်းခပ်တိုးတိုးညည်းနေတဲ့ ချန်းယောလ်ကလည်း
ငယ်လေးကျောပြင်လေးကို တဖွဖွပုတ်ကာ ကလေးချော့သလို ချော့နေသည်။

ချစ်စရာကောင်းလွန်းတာထပ် ကိုယ့်ညီငယ်လေးက
ဒီလိုအချစ်ခံနေရတာမြင်တော့လည်း ဝမ်းသာပီတိက
ဖြစ်ရသည်။ ငယ်လေးဟာ သူတို့ရင်တွေအကွဲခံရကျိုးနပ်အောင်ပဲချန်းယောလ်ဆီက ချစ်ခြင်းမေတ္တာကို ရရှိနေတာပါလား။

အခုလည်း ငယ်လေးအိမ်မပျော်လို့ ခြံထဲဆင်းကာ
ချော့သိပ်နေပုံရတယ်။ ဒီအိမ်မှာ လာမအိပ်ရတဲ့ ညတွေဆိုလည်း ငယ်လေးစာကြည့်ရင်း ဘာစားချင်တယ် ဘာသောက်ချင်တယ်လို့ဖုန်းဆက်တာနဲ့ ချက်ချင်းအပြေးရောက်လာတတ်သည်။

တဖြေးဖြေးနဲ့ လက်ခံလာရတဲ့အထိ ချန်းယောလ်က
ဘတ်ခ်ဟွန်းနီးကို ဂရုစိုက်တယ်။ မေ ကိုယ်တိုင်လည်း
အရင်ကလောက် ခါးခါးသီးသီးမဟုတ်တော့။ အခုပဲကြည့်လေ တပတ်၄ရက် ဒီမှာလာအိပ်ဖို့ ခွင့်ပြုထားသည်။
အစက ချန်းယောလ်ဆီ သွားအိပ်ပေမယ့် မေက
စိတ်မချဘူးဆိုကာ ဒီအိမ်က်ို ချန်းယောလ်ကို
လာအိပ်ခိုင်းတော့သည်။ ဒါလည်း ဒီကောင်လေးက
မညီးမညူ ဘတ်ခ်ဟွန်းနီးဘေးမှာ ရှိနေပေးပြန်တယ်။

JOYOUS Where stories live. Discover now