7

7.8K 1.1K 50
                                    

ကိုယ့်ကို အပြစ်မြင်သွားတဲ့ကောင်လေး။
ကိုယ့်အချစ်တွေကို သဘောမကျဘူးတဲ့လေ ။

ဖွင့်ပြောပြီးထဲက onlineမှာ လုံးဝ activeမဖြစ်တော့တဲ့
သူက စာမေးပွဲ နီးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့
ဂိမ်းမဆော့တော့ဘူးလို့ အပြတ်ပြောသည်။
ဆိုလိုတာက သူကို ဖုန်းမဆက်နဲ့တော့ ဆိုတဲ့သဘော။

မနက်ပိုင်းဆိုဆေးရုံမှာ posting ဆင်းနေရတယ်ဆိုလို့
ဆေးရုံအနီးအနားမှာ ခိုးကြောင်ခိုးဝှက် သွားငေးရသည်။

ဂျူတီ ကုဒ်အဖြူလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ကောင်လေးက ဘေးမှာ ဘုံဘုံးဆိုတဲ့ကောင်မလေးလည်း မပါ။

ဟီးယောင်းကပြောတာတော့ နာမည်နဲ့ ခုံပါတ်စင်တာမို့
ဘတ်ခ်ဟွန်းက အရှေ့ခုံနံပါတ် ကျသည်တဲ့လေ ။

မှိုင်းညို့နေတဲ့ မျက်နာလေးက ပင်ပန်းနေတာကြောင့်လား
ဘာကြောင့်လဲဆိုတာ မသိပေမယ့် ရင်ထဲပူလောင်နေရသည်။

ကိုယ်တွေထပ် စာမေးပွဲကာလ စောတဲ့အပြင်
မနက်ပိုင်း ဆေးရုံမှာ posting ဆင်းပြီးတာနဲ့
နေ့လည်ပိုင်းကျောင်းမှာ စာသင်ချိန် ပြန်တက်ရသေးသည်တဲ့။

ဒီအချိန် ပင်ပန်းနေတဲ့ သူ့ကို ငေးကြည့်ရုံပဲ
တတ်နိုင်သောအခါ။

"ချန်းယောလ် ကျောင်းချိန်နီးပြီ "

ဘေးက ရီရှင်းက အသိပေးလာသည်။
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး
သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။
မျက်ခုံးစောင်းက ချုပ်ရိုးက စပ်ဖျင်းဖျင်းနာသည်။

ဒီရက်တွေ ညတိုင်းမူးရူးနေအောင်သောက်ပြီး
ဘားတွေမှာ ရန်ဖြစ် ပြသာနာရှာတာကအစ
မနက်သူဆေးရုံလာမည့်အချိန်ထိ
ကိုယ့်ကို ရီရှင်းက စိတ်ရှည်ရှည် လိုက်ပို့သည်။

___________

ဆေးရုံနဲ့ကျောင်းကို အပို့အကြိုလုပ်ပေတဲ့
ဖယ်ရီက ဒီနေ့မှ နောက်ကျနေတာမို့
ဆေးရုံပန်းခြံထဲမှာ ဘတ်ခ်ဟွန်းတို့
ဆေးကျောင်းသားတွေ ဟိုတစ်စု ဒီတစ်စု
ထိုင်ကာစောင့်နေကြသည်။

"ဘတ်ခ်ဟွန်း"

အနားကိူ ရောက်လာတဲ့ ဟီးယောင်း။
သူတို့batchရဲ့ မင်းသမီးလေးဆိုပြီး
နာမည်ကြီးတဲ့ ဟီးယောင်းက တကယ် လှသည်။

JOYOUS Where stories live. Discover now