6

7.6K 1K 45
                                    

သောကြာနေ့ညနေခင်းတစ်ခုမှာ
ဘတ်ခ်ဟွန်းကို မေမေက ကျောင်းလာကြိုရင်း
စျေးဝယ်ထွက်ရအောင်ဆိုလို့ အခု ရှော့ပင်းစင်တာ
တစ်ခုဆီ ရောက်နေခြင်း ။

အခုအရွယ်အထိ မေမေ ဆင်သမျှသာ ဝတ်တဲ့
ဘတ်ခ်ဟွန်းက အဝတ်အစားမှ အစ
တကိုယ်ရေသုံး ပစ္စည်းတွေအထိ
မေမေကပဲ ဝယ်ပေးသည်။

"ငယ်လေး ရှပ်အဖြူ ကြည့်မယ်ဆို"

မေမေခေါ်ရာနောက် လိုက်သွားတော့
ယောကျာ်းဝတ်အထည်တွေသီးသန့် ရောင်းတဲ့ ဆိုင်တစ်ဆိုင်။

မေမေက သူစိတ်တိုင်းကျတဲ့အထည်ကို
အရောင်ဝန်ထမ်းမလေးဆီ ပြကာ sizeရှာခိုင်းနေတာမို့
ဆိုင်ထဲ ဟိုကြည့်ဒီကြည့် လုပ်နေမိသည် ။

အခုထိ ယူနီဖောင်းမလဲရသေးတဲ့ ချန်းယောလ်။
ဘေးမှာလဲ တော်တော်လှတဲ့ မိန်းကလေး တစ်ယောက်နဲ့ ။
နှစ်ယောက်လုံး ပြုံးရယ်နေတာမို့
ရယ်စရာတစ်ခုခုပြောနေပုံရ သည် ။

ချန်းယောလ် ရဲ့ ရည်းစားဖြစ်မယ်ထင်တယ် ။

ဘတ်ခ်ဟွန်းက ချန်းယောလ်ကို အားကျနေရတာပါပဲ ။
အခုထိရည်းစားမထားဖူးသေးတဲ့ ဘတ်ခ်ဟွန်းလည်း
ချစ်စရာကောင်မလေးတစ်ယောက်ကို
လက်ကဆွဲရင် လျှောက်လည်ဖူးချင်သည်လေ။

"သားငယ် ဒါဝတ်ကြည့်အုန်း "

လက်ထဲ လာထိုးထည့်သွားတဲ့
Shirt အဖြူလေးကို ကိုင်ရင်း
အဝတ်လဲခန်းထဲ ဝင်ကာ ဝတ်ကြည့်လိုက်သည် ။

"ကျောင်းအတွက် ဘာလိုသေးလဲ ငယ်လေး
ဒီညဘာစားကြမလဲ မေမေကိုယ်တိုင်ချက်ကျွေးမယ်"

မေ့ လက်မောင်းကို ပုတွဲကာ ကလေးတစ်ယောက်လို
လျှောက်လာမိသည်။ မေမေဆီကရတဲ့ ပန်းနံ့သင်းသင်းရေမွှေးနံ့ဟာ ဟိုငယ်ငယ်ထဲက သူအိပ်ခါးနီး အချိန်တိုင်း
အသည်းအသန် လိုက်ရှာခဲ့ရတဲ့ ရနံ့တစ်ခု ။

ဘာလို့ဆိူ အဲ့အနံ့က မေမေသူဘေးမှာရှိတယ်ဆိုတဲ့
အသိမို့။

သားအမိနှစ်ယောက် စကားတစ်ပြောပြောနဲ့
အစားအသောက်တွေရောင်းတဲ့ အထပ်ဆီမှာ ။
တွန်းလှည်းတွန်းပေးရင်း သူလက်ညိုးထိုးသမျှ
မေမေက ကောက်ထည့်နေသည်။

JOYOUS Where stories live. Discover now