36

6.3K 944 94
                                    

ဆေးရုံကော်ရစ်တာမှာ ချန်းယောလ်ရဲ့ ဖိနပ်နဲ့ကြမ်းပြင်ကြွေပြားတို့ ပွတ်တိုက်သံ ဟာ ခပ်ကြမ်းကြမ်း
နဲ့ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသည်။
မျက်လုံးတွေနီရဲရင်း ပြေးလွှားနေတဲ့ ချန်းယောလ်ကို
အကုန်လုံးက စိတ်ဝင်တစားလိုက်ကြည့်နေကြသည်။

လျှောက်လမ်းအဆုံးမှာ "Operation Room"ဆိုတဲ့
ဆိုင်းဘုတ်နဲ့ အခန်းရှေ့ရောက်တော့ ချန်းယောလ်တုန်လှုပ်လာသည်။ ခုံတန်းရှည်မှာ ထိုင်ရင်း မျက်ရည်ကျနေတဲ့ အန်တီနဲ့ အဒေါ်ကြီးလည်းရှိတယ်။ ချန်းယောလ်ကြောက်နေခဲ့တဲ့ အိပ်မက်ဆိုးက တကယ်ကိုစတင်လာခဲ့ပြီ။ မနက်က နမ်းခဲ့တဲ့ နဖူးပေါ်က အနမ်းနွေးနွေးတွေက
ဘတ်ခ်ဟွန်းနီးကို မကြောက်လန့်ဖို့ အထောက်အကူဖြစ်ရဲ့လား။

" ချန်းယောလ် မေ တောင်းပန်ပါတယ်ကွယ်
မေပေါ့ဆသွားတာ"

ကိုယ့်ကိုမြင်တာနဲ့ ရင်ခွင်ထဲတိုးဝင်ကာ ငိုကြွေးလာတဲ့
အန်တီက မာနကြီးတဲ့ မိန်းမတစ်ယောက်မဟုတ်တော့ဘဲ
သားကို သိပ်ချစ်တဲ့ မိခင်တစ်ယောက်လို့ ပျော့ပျောင်းနေခဲ့သည်။ ဘာမှ မပြောနိုင် မနှစ်သိမ့်နိုင်လောက်အောင်
ရင်ထဲ ပူလောင်နေတာမို့ အန်တီကျောပြင်ကို တဖွဖွသာပုတ်ပေးရင်း ကိုယ်တိုင်လည်းမျက်ရည်ကျနေမိသည်။

" ဘတ်ခ်ဟွန်းနီးက အရမ်းတော်တာမို့
အဆင်ပြေသွားမှာ "

အန်တီကို ဒီစကားနဲ့ နှစ်သိမ့်နေပေမယ့် ကိုယ်တိုင်လည်ရူးမတတ်ဖြစ်နေခဲ့ပြီမို့ ခုံတန်းရှည်ပေါ် ထိုင်ချရင်း တဆတ်ဆတ်တုန်နေတဲ့ ဒူးတွေကို ဆုပ်ကိုင်ထားမိသည်။

" ဗြောင်ဘတ်ခ်ဟွန်း လူနာရှင် "

"ဒီမှာပါ"

ချန်းယောလ်ကော အန်တီကော အမြန်ရပ်ကာ ထွက်လာတဲ့ သူနာပြုဆရာမလေးဆီ အပြေးသွားလိုက်သည်။

"ကလေးက အခုမွေးပြီး NICU ယူရမယ်
အဲ့တာ ကလေးအဖေဒီမှာ လက်မှတ်ထိုးပေးပါ "

တုန်တုန်ယင်ယင်နဲ့ပဲ ချန်းယောလ်လက်မှတ်ထိုးပေးလိုက်ပြီးတာနဲ့ သူနာပြုမလေးဟာ ခွဲခန်းထဲ အမြန်ပြေးဝင်သွားသည်။

JOYOUS Where stories live. Discover now