40(1)

6.8K 858 21
                                    

ဘတ်ခ်ဟွန်းတို့တစ်အိမ်လုံး မနက်အာရုံတက်ကတည်းက  ထောပတ်ကွတ်ကီးနံ့လှိုင်လှိုင်သင်းကာ
အပြာရောင်ပူဖောင်းလေးတွေကလည်း မျက်နာကျက်အပြည့် တွဲခိုနေပြီး ငွေရောင်ဖဲကြိုးလေးတွေကလည်း တလွင့်လွင့်ဖြစ်နေသည်။အိမ်ဝင်တံခါးမှာလည်း အပြာနုရောင်Streamerတွေနဲ့အလှဆင်ထားပြီး တံခါးပေါ်မှာတော့ "Welcome Our Baby Boy"ဆိုတဲ့ အဖြူရောင်
Bannerလေးကိုလည်း ချိတ်ထားသည်။

အားလုံးပျော်ရွှင်ပြီးရင်ခုန်နေရတဲ့ ဒီနေ့လေးဟာ
သားသားရဲ့ အိမ်ပြန်ရမည့်နေ့ဖြစ်သည်။ ကိုယ်အလေးချိန်၅ပေါင်နဲ့ ၃အောင်စထိ ပြည့်လာပြီဖြစ်တာကြောင့်
စိတ်ချရပြီဖြစ်ပြီး မွေးစကတော့ အသားဝါတွေ့တယ်ဆိုကာ phototherapy ပေးရသေးပေမယ့် နောက်ပိုင်းကျန်းကျန်းမာမာပဲမို့ သားဟာတကယ်တော်တဲ့ကလေးလေးဖြစ်သည်။

၁၅ရက်အတွင်း ချန်းယောလ်ကတော့ အင်မတန်ပင်ပန်းခဲ့ပြီး ကိုယ်တိုင်ကတော့ ကတော့ တအီအီဖြစ်နေသည်။ ဒေါက်တာပြောတာတော့ ဒါက NICUမိဘတိုင်းခံစားကြရပြီး
မိဘတွေကလည်း ကလေးကို သတိရကာ စိတ်မကောင်းဖြစ်ရသလို ကလေးလေးတွေကလည်း သူတို့မိဘတွေက်ို
လွမ်းတက်ကြသည်တဲ့။ မိဘနဲ့ သားသမီးဆိုတဲ့ ကြားက
မေတ္တာကြိုးလေးရဲ့ ဆက်နွယ်မှုပေါ့။

ကလေးလေးဆီသွားတွေ့တဲ့နေ့တွေဆို ချန်းယောလ်မှာ
အလုပ်က အရေးပေါ်နှင့်တိုက်ဆိုင်နေလျှင် ကားပေါ်မှာတင် နေ့လည်စာကို ဝါးပင် ဝါးစားရဲ့လားမသိ အသွပ်သွပ်ထိုးထည့်ကာ ကိုယ့်ကို နည်းနည်းမှ မျက်နာအမဲ့မခံ။ ကိုယ့်ရဲ့ စိတ်အခြေအနေကို နားလည်နေတော့လည်း မေတို့ကလည်း မဆူရက်။ ညဆိုလည်း အပေါ့အပါးသွားတာကအစ သူ့လက်သူ့ခြေလုပ်ပေးနေရတဲ့ ချန်းယောလ်က တစ်ချက်ပင်ပန်းနေပြီ မညီး ကိုယ့်မျက်နာသာ အရိပ်တကြည့်ကြည့်နဲ့မို့ ကျေးဇူးလည်းတင်သလို အချစ်လည်းတိုးရသေးသည်။

ဒီနေ့ကတော့ အဲ့ဒီအရာတွေအားလုံးပြီးဆုံးကာ
မိသားစုရဲ့ တစ်ဦးတည်းသော သားသားလေရဲ့
အိမ်ပြန်နေ့ဖြစ်တာကြောင့် လူစုံတက်စုံရောက်နေကာ
မေရဲ့ အသံနဲ့ ဘုံးရဲ့အသံဟာ အိမ်လေးထဲ ခပ်ကျယ်ကျယ်
ကြားနေရသည်။ ဘုံးရဲ့ မောင်လေး လုံးလုံးကလည်း
အရုပ်တွေတစ်ပွေ့တစ်ပိုက်နဲ့ မောင်လေးကို လာကြည့်သည်ဆိုကာ လိုက်လာသဖြင့် ဘုံးရဲ့ အမေပါ ရောက်နေသည်။

JOYOUS Where stories live. Discover now