20

7.4K 1K 23
                                    

ချန်းယောလ်အလုပ်ကဆင်းပြီးသည်အထိ မေးရိုးစောင်းနေရာက အညိုအမဲစွဲနေသည်က လုံးဝမလျော့သွားတာမို့
အစ်ကိုဂျွန်မြောင်လက်သီးကို လုံးဝလေးစားသွားရသည်။

"ဘတ်ခ်ဟွန်းနီး ကိုယ်လာကြိုရတော့မလား"

" အင်း လာတော့လေ ချန်းယောလ်
ဆေးရုံနားက ကော်ဖီဆိုင်မှာနော် "

ဘုံဘုံးရောက်နေတာမို့ ပုံမှန်ထပ်နည်းနည်း နောက်ကျမှ
သွားကြိုဖြစ်သည်။ပြောရရင် ဘတ်ခ်ဟွန်းနဲ့တွဲနေတဲ့
တစ်လျှောက်လုံး ဘုံဘုံးနဲ့ ချန်းယောလ်ဟာ
အကြောမတည့်တာမို့ မျက်နာချင်းသိပ်မဆိုင်ဖြစ်။

ဘုံဘုံးကိုယ်တိုင်ကလည်း ချန်းယောလ်ကို ဘာမကြည်မှန်းမသိ ကြည့်မရဖြစ်ကာ အမြဲ တကျပ်ကျပ်။
ကြာတော့ ဘတ်ခ်ဟွန်းက စိတ်ဆင်းရဲတာမို့
တော်ရုံမျက်နှာချင်းကိူမဆိုင်ဖြစ်တော့တာ။

လမ်းဒေါင့်နားက လက်ဝတ်ရတနာဆိုင်လေးရှေ့မှာ ချန်းယောလ်ကားရပ်လိုက်သည်။ အမှန်တကယ်တော့ သူဟာ
ဘတ်ခ်ဟွန်းအတွက် ပိုင်ဆိုင်ခြင်းဆိုင်ရာ ရည်ညွှန်းတဲ့
လက်စွပ်လေးကို ဘတ်ခ်ဟွန်းမေမေဆိုင်မှာ သေချာလေး
လုပ်ပေးချင်ခဲ့တာ။

"ဒါလေး ယူမယ်နော် ဘူးကို သေချာလေးလုပ်ပေးပါနော် "

ရွေးချယ်လိုက်တဲ့ လက်စွပ်မောင်းကွင်းဆင်တူလေးကို
အရောင်းဝန်းထမ်းလေးက သေချာထုပ်ပိုးပေးနေတာကို
စောင့်နေရင်း ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။

"ဧည့်သည် ရပါပြီ ရှင် "

ကားပေါ်ရောက်တော့ သေချာထုပ်ပိုးထားတဲ့ အဖြူရောင်ဖဲပွင့်လေးပါတဲ့ စက္ကူအိတ်လေးကို ကြည့်ရင်း
နက်နက်နဲနဲပြုံးမိသည်။

ပိုင်ဆိုင်ရခြင်းဆိုတဲ့ အသိမှာ
ပိုင်ဆိုင်ရမည့်ကိုယ်တိုင်တောင်
နှမြောတသသဖြစ်သည်အထိ မြတ်နိုးမိခြင်း ။

ကော်ဖီဆိုင်ထဲဝင်သွားတော့ ဒေါင့်ဆုံးနေရာလေးမှာ
ထိုင်နေတဲ့ ဘတ်ခ်ဟွန်းနီးနဲ့ ဘုံဘုံး ။ မနက်က သူသေချာဝတ်ပေးလိုက်တဲ့ ဆင်စွယ်ရောင် ဆွယ်တာကို အောက်ကချည်သားစတိုင်ပန့် ကာကီရောင်အရှည်လေးနဲ့ ဘတ်ခ်ဟွန်းနီးက
ပြုံးနေပေမယ့် ဝမ်းနည်းရိပ်သန်းနေတဲ့မျက်ဝန်းတွေကို
အဝေးကနေတောင် မြင်နေရသည်လေ။

JOYOUS Where stories live. Discover now