23

7.1K 980 26
                                    

"ချစ်တယ် ချန်းယောလ်
စောစောအိပ်နော်"ဆ်ုတဲ့ စကားလေးတစ်ခွန်းနဲ့
ကိုယ့်ကို နှစ်သိမ့်လေတဲ့ ချစ်ရသူလေးက
အမေချစ်သားပီသစွာ မိခင်ရင်ခွင်မှာ
ခိုလှုံနေလေရဲ့။

တိတ်ဆိတ်မှောင်မဲနေတဲ့ တိုက်ခန်းအတွင်း
မင်္ဂလာဦးညလေးဟာ တစ်ယောက်တည်း
အေးစက်စက်ကုတင်ပေါ်မှာ ဖြတ်သန်းခဲ့ရသည်။
တွေးလေ ခံပြင်းမှုနဲ့အတူ ရင်ဘတ်ထဲ နာကျင်ရလွန်းလို့
ခပ်မဲ့မဲ့ပြုံးဖြစ်တာ ခနခနပဲ။

သူတို့သားက ကိုယ့်အပိုင်ဖြစ်နေပြီး
ကိုယ်က အသာရနေတဲ့ ဒီအခြေအနေမှာ
ဘတ်ခ်ဟွန်းရဲ့ လက်ကို ဆွဲပြီး
ခေါ်ထုတ်ပစ်လိုက်ချင်ပေမယ့် ရူးစေလောက်တဲ့အထ်ိ
မှိုင်းညို့နေတဲ့ မျက်ဝန်းတွေက ချစ်သူဘဝကတည်းက
ကိုယ့်အတွက် အားနည်းချက်တစ်ခုဖြစ်နေတော့လည်း။

အိပ်မရခဲ့တဲ့ ညနက်တွေပြီးသွားတော့
ခနလေးတွေ့ရတော့မည့် ကိုယ့်ကြင်နာသူလေးက်ို
တွေးမိတဲ့ခန စိတ်တွေက တဖန် ပြန်တက်ကြွလာခဲ့သည်။

အနည်းငယ် ချိုင့်ဝင်နေတဲ့ မျက်ဝန်းတွေနဲ့ အတူ
တစ်ညလုံး မအိပ်ရတာမို့ မလန်းဆန်းနေတဲ့ စိတ်တွေကို
ရေခပ်အေးအေးတွေနဲ့အတူ ဖယ်ရှားပစ်လိုက်သည်။

အဝတ်အစားမလဲခင် ဘတ်ခ်ဟွန်းနီးဆီ လာခေါ်တော့မည်ဖြစ်ကြောင်း စာတိုလေးအမြန်ပို့လိုက်သည်။

ဘတ်ခ်ဟွန်းနီးနဲ့အတူတူ မနက်စာလေးတော့ စားချင်တာမို့ နူးနူးညံ့ညံ့အသားညှပ်ပေါင်မုန့် လေးနဲ့ နွားနို့ပူပူလေးတစ်ခွက်ပါဝယ်ရင်း က်ိုယ့်ပူတင်းလုံးလေးရှိရာဆီ
ခပ်မြန်မြန်ဦးတည်မိသည်။

"ကိုယ်ရောက်ပြီ "

စာလေးပို့လိုက်တော့
ချက်ချင်းseenဖြစ်သွားပြီး "အခု ထွက်လာပြီ"ဆိုတဲ့
စာလေးပြန်ရောက်လာသည်။

တစ်ယောက်စာ သာသာပွင့်လာတဲ့ ခြံဝန်းတံခါးနဲ့အတူ
ယောက္ခမဖြစ်သူပါ ဘေးကပါလာမှန်းသိလိုက်သည်။

နှုတ်ဆက်ဖို့ရည်ရွယ်ရင်း ကားပေါ်ကဆင်းလိုက်ပေမယ့်
အပြင်ထိ လိုက်မထွက်လာတဲ့ ဘတ်ခ်ဟွန်းမေမေကြောင့်
ကားဘေးရပ်ရင်း ဘတ်ခ်ဟွန်းနီးကိုသာ စောင့်နေလိုက်သည်။

JOYOUS Where stories live. Discover now