ကျောင်းရှေ့က ခုံတန်းလေးတွေပေါ်
ချန်းယောလ်နဲ့ ဘတ်ခ်ဟွန်း ဘေးချင်းကပ်
ပူးပူးကပ်ကပ်ထိုင်နေသည်။ကိစ္စတွေအားလုံးကို ရုံးခန်းထဲမှာ ရှင်းပြီး
ကျောင်းဆေးခန်းမှာပဲ ဒဏ်ရာကိုဆေးထည့်နေတဲ့
ချန်းယောလ်ဆီ သူအပြေးလာခဲ့သည်။ဒဏ်ရာက သိပ်မများပေမယ့် ဘတ်ခ်ဟွန်းက
ရင်တွေကွဲမတတ် စိတ်ပူနေရတာပဲ။စီနီယာအစ်မကြီးက Final part 1က ဖြစ်ပြီး
စိတ်ဒဏ်ရာတစ်ချို့ကြောင့်ရော
စိတ်ပင်ပန်းတာတွေများတာရောကြောင့်
psychotic disorder ဖြစ်သွားပုံရတယ်။
သူမမိဘတွေပါရောက်လာကာ
ပါမောက္ခကြီးရှေ့ ခံဝန်ကတိတွေနဲ့
သူမကိုပါ ကျောင်းနားပစ်လိုက်ပြီး
ဘတ်ခ်ဟွန်းကိုပါ သေချာတောင်းပန်သွားသည်။လူကြီးတွေတောင်းပန်တာကိုတောင် သေချာနားမထောင်နိုင်ပဲ ချန်းယောလ်ဆီ အပြေးလာခဲ့ပေမယ့်
ဒဏ်ရာဆေးထည့်ပြီးကတည်းက ချစ်ရတဲ့ လူသားက
ဘတ်ခ်ဟွန်းကို စကားတစ်ခွန်းမှ မပြောတော့ပေ။ပူးပူးကပ်ကပ်ထိုင်နေတဲ့ အပြင် ဆေးခန်းကထွက်လာကတည်းက တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့
ဘတ်ခ်ဟွန်းရဲ့ လက်လေးကိုလည်း
အခုထိမလွတ်ပေးသေး။စကားကျ တစ်ခွန်းမှမပြောဘဲ
မျက်ထောင့်နီကြီးနဲ့ စိတ်ဆိုးနေပြီး
လက်ကိုကျ မလွတ်ဘဲဆုပ်ကိုင်ထားတော့
ဘတ်ခ်ဟွန်းမှာ ဘေးကနေ မျက်နှာငယ်လေးနဲ့။
စကားလည်းမဟရဲ အော်ထည့်လိုက်မှဖြင့်🥺။မကြာလိုက် taxiနဲ့ရောက်လာတဲ့ ရီရှင်း ။
လက်ကိုရုန်းလိုက်တော့ မျက်စောင်းကြီးနဲ့
ကြည့်လာတာမို့ ပြန်ငြိမ်လိုက်ရသည်။"ချန်းယောလ် ကားသော့ပေး ငါကားပေါ် သွားစောင့်မလို့"
ဘတ်ခ်ဟွန်းကို အိမ်ကလာကြိုပြီးမှ ပြန်မယ့်
ချန်းယောလ်က ဘတ်ခ်ဟွန်းကို လာမကြိုမချင်း
ဒီနေရာမှာ ဒီလို ထိုင်နေပုံပေါက်တာမို့ ရီရှင်းက
အလိုက်တသိ ဘေးမှာ ရပ်ထားတဲ့ ကားပေါ်
သွားစောင့်ကူသည်။
YOU ARE READING
JOYOUS
RomanceChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd