22

7K 938 20
                                    

" ငါ ဒီထပ်ပိုပြီး မချစ်တတ်တော့ဘူး "

ပြီးခဲ့တဲ့ ရက်တွေတုန်းက ချန်းယောလ်ပြောခဲ့တဲ့
စကားတစ်ခွန်းကို ရီရှင်းပြန်တွေးနေမိသည်။

ဘတ်ခ်ဟွန်းအတွက်ဆို မှားနေလည်း အမှန်လို့
ကြိတ်မှိတ်မြင်ပေးနိုင်တဲ့အထိ။

ဘယ်လောက်ပဲ သူ့အတွက် ခက်ခဲနေပါစေ
အဆင်ပြေတယ်ဆိုပြီး ပြုံးပြပေးနိုင်တဲ့အထိ။

နောက်ဆုံး ဘတ်ခ်ဟွန်းမေမေရဲ့ အဓိပ္ပာယ်မရှိတဲ့
တောင်းဆိုမှုကို ဘတ်ခ်ဟွန်း စိတ်ချမ်းသာပါစေတော့ဆိုပြီး လက်ခံပေးခဲ့တဲ့အထိ။

ဒီထပ်ပိုချစ်လို့ရမယ့် နည်းလမ်းကော ရှိသေးရဲ့လား
လို့ အရွဲ့တိုက်ကာ မေးလိုက်ချင်ပေမယ့် သူငယ်ချင်းဖြစ်သူက တကယ့်ကို ရင်ကွဲနေပုံပေါက်တာမို့ ငြိမ်နေလိုက်ရသည်။

"အချစ်အတွက်ဆို ယုံကြည်ရာတွေကိုတောင် စွန့်လွှတ်ပစ်နိုင်တယ်" ဆိုတဲ့ စကားစုလေးတစ်ခုကို အရင်က
လှောင်ရယ်ပစ်ခဲ့ဖူးတယ်။ အခုတော့ ကိုယ်တိုင် ယုံကြည်ရာတွေပျောက်ရှကုန်တယ်။

ကိုယ့်အချစ်က ချန်းယောလ်လိုမျိုး စတွေ့ကတည်းက
ဖြစ်ပေါ်လာတာမျိုးမဟုတ်ခဲ့ပေမယ့် တဖြေးဖြေးနဲ့
ပုံပေါ်လာတဲ့ ပန်းပုထုခြင်း အနုပညာလိုမျိုး။ ဒါပေမယ့်
ပုံပေါ်လာမှ ပစ်ပယ်ခံလိုက်ရတဲ့ ပန်းပုရုပ်ထုလေးဖြစ်နေခဲ့သည်။

တကယ်တော့ နှလုံးသားက အချက်ပြတာကို
မသိကျိုးကျွန်ပြုနေခဲ့မိတာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ချစ်ရသူရဲ့ စိတ်တိုင်းကျနေမှုလေးကို
တငြိမ့်ငြိမ့်နဲ့ ခံစားနေရရင် အချစ်ဆိုတာစစ်မှန်နေပါပြီ။

တုံ့ပြန်မခံလိုက်ရတဲ့ ကိုယ့်ချစ်ခြင်းမေတ္တာ​တွေထပ်စာရင်
အမုန်းတရားတွေ မကျန်ရစ်ရင်ပဲ ကျေနပ်ပါပြီဆိုပြီး
လျော့ချလိုက်ရတဲ့ ချစ်မေတ္တာတွေမှာ နာကျင်မှုတွေကတော့ အကန့်သတ်မဲ့သည်လေ။

ကျွန်တော် ချစ်နေတယ်ဆိုတာလေ သိရင်ရပါပြီ အစ်ကို။
ဖိအားတွေနဲ့မှပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အစ်ကိုဆီက
အကြည့်တစ်ချက်တောင် မလိုချင်တော့ပါဘူး။

JOYOUS Where stories live. Discover now