12

7.8K 938 26
                                    

ချန်းယောလ်အရင်ကထက်
အိပ်ယာစောစောနိုးတတ်လာတယ် ။
ဘာလို့ဆို ဘတ်ခ်ဟွန်းကျောင်းမသွားခင်
ဖုန်းလေးတစ်ခါလောက်ဖြစ်ဖြစ်ခေါ်လိုက်မှ
တစ်နေကုန်နေသာထိုင်သာရှိတာမို့။

တစ်ခါတလေဆို သူခေါ်တာ
စောလွန်းလို့မနိုးသေးတဲ့ ဘတ်ခ်ဟွန်းရဲ့
အိပ်ချင်မူးတူးအသံလေးကလည်း
သူရူးခါနေအောင် အသဲယားရသေးသည်။

ဘတ်ခ်ဟွန်းအသံက ချိုချဉ်လေးတစ်ခုလုံး
ပါးစပ်ထဲမှာ အရည်ပျော်နေသလို ချိုလွန်းတာလည်း
ပါတာပေါ့။

ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့
မပြောသင့်မှန်း သိပေမယ့် ဘတ်ခ်ဟွန်းနီးကို
စံပယ်ပန်းလေးလို့ တင်စားချင်တယ်။

ဖြူဖြူစွတ်စွတ်လေးနဲ့ နူးညံ့မှုကလည်း
တိမ်မျှင်လေးလို။ ပွေ့ဖက်နမ်းရှုံပစ်ချင်သော်လည်း
မထိရက် မကိုင်ရက်နဲ့ ဗိုက်ထဲက အူတွေ
ခွေခေါက်လောက်အောင် အသဲယားရတာမို့။

အရင်ရည်းစားတွေတုန်းကလို အမို့အမောက်တွေမဟုတ်ပဲ
နှုတ်ခမ်းပါးလေးထက်က မှဲ့နက်လေးများ
အပြုံးနုနုကြောင့် နေရာရွေ့သွားတိုင်း
လိုက်ငေးရတာ အမော။

ကိုယ့်လက်ဖဝါးနဲ့ အံဝင်ခွင်ကျ ဆုပ်ကိုင်ခွင့်ရတဲ့
လက်ဖဝါးလှလှလေးတွေနဲ့တင်
ရင်ခုန်သံတွေ အဆုံးထိ မြန်စေတာမျိုး။

ကျောင်းဖွင့်နေပြီဖြစ်တဲ့ အချစ်လေးဆီ
ဖုန်းဆက်ဖို့ ကျောင်းမဖွင့်သေးလည်း
စောစောထဖြစ်သည်။

ရည်စားသက်တမ်းကြာလာလေ
ဘတ်ခ်ဟွန်းရဲ့ စိတ်က နူးညံ့သလောက်
အထိခိုက်မခံသလောက် ဓားထက်ထက်တစ်လက်လိုပြတ်သားကြောင်းလည်း သိလိုက်ရသည်။

"ချန်းယောလ် ဆေးလိပ်မဖြတ်နိုင်ရင်
အပြင်မှာမတွေ့ဘဲ နေရအောင် " ဆိုပြီး သောင်းကျန်းသွားကာ ဖုန်းပါမကိုင်တော့တာ ၂ရက် ။

အဲ့တော့ ဒီလူကလည်း ပီကေတွေကို ရေလိုဝါးနေရတာ
အခုထိ ။  ဆေးလိပ်ပြတ်သွားပီဆိုတော့လည်း
ဆရာဝန်လေးက မယုံသလို ကြည့်သေးတာ ။

နေ့လည်စာ သူစားချင်တာလေးတွေ ဝယ်ပြီး
ဆေးကျောင်းထိလိုက်သွားကာ သွားကျွေးတဲ့အချိန်ဆို
နှစ်ယောက်ထဲ ကြည်နူးချင်သော်လည်း
သူငယ်ချင်းမ ဘုံဘုံးကိုပါ ခေါ်လာတဲ့အခါ
သူစားတာ ထိုင်ကြည့်ပြီး  ပြန်ခဲ့ရတဲ့
ရက်တွေကလည်းမနည်း။

JOYOUS Where stories live. Discover now