👨‍👨‍👦

3.5K 356 10
                                    

New Year Gift (short)

"ဘုန်း"

မားစီးဒီးကားကြီးရဲ့ တံခါးကို ပြုတ်ထွက်မတက် ဆောင့်ပိတ်လိုက်တဲ့ အသံက ခြံထဲမှာ ကျယ်ကျယ်လောင်လောင်ဖြစ်ရုံတင်မကဘဲ ကားမောင်းသူနေရာမှာ ထိုင်နေတဲ့ ချန်းယောလ်ပင် တုန်ခနဲဖြစ်သွားသည်။ ထိုကဲ့သို့တစ်ခါမှ မပြုမူဖူးသော အပြုအမူကို ပြုလုပ်သွားသောသူသည် နှလုံးသည်းပွတ်လေးဖြစ်သည့် ဘတ်ခ်ဟွန်းနီးဖြစ်သည်။

" Ryan"

"ဟုတ် ဖေဖေ"

နှုတ်ခမ်းထောင့်က ပေါက်ပြဲဒဏ်ရာနှင့်အတူ မေးရိုးစောင်းမှာလည်း ညိုမဲဒဏ်ရာတစ်ချို့ဖြင့် သားငယ်က ထူးနေကျအသံလေးဖြင့် ထူးမြဲမလို့ သက်ပြင်းတစ်ချက်ချကာ စိတ်တွေလျော့ချပစ်လိုက်ရသည်။

" အထဲရောက်လို့ ဖေဖေလေးဆူရင် သားက ဘာမှ အတွန့်မတက်နဲ့နော် ဒီနေ့ဖြစ်ပျက်ခဲ့တာတွေမှာ သားမှားတယ်လို့ ဖေဖေမဆိုလိုဘူး ဒါပေမယ့် သားကြောင့် ဖေဖေလေး
စိတ်ထိခိုက်သွားတယ်"

"Ryanသိပါတယ်ဖေဖေ ဖေလေးကိုလည်း
သားတောင်းပန်မှာပါ"

"အင်း ဖေဖေတို့က သားကိုချစ်တယ်နော်"

"ဟုတ်"

ကားပေါ်ကနေ ကျောပိုးအိတ်ကိုဆွဲကာ လေးလေးပင်ပင်ဆင်းသွားတဲ့ Ryanကျောပြင်လေးကို ကြည့်ရင်း လွန်ခဲ့တဲ့၁၆နှစ်က ဒီကလေးလေးကိုယ်တွေဆီရောက်ရှိလာတဲ့ အချိန်တွေက မနေ့တနေ့ကလိုပါပဲလားလို့ တွေးမိသည်အထိ။ အခုတော့ သားက ကျောင်းမှာနာမည်ကြီးတဲ့ လူပျိုပေါက် လူချောလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့
သည်။

ဒီနေ့ အိမ်မှာ ဘတ်ခ်ဟွန်းနီးနဲ့အတူတူ ကော်ဖီသောက်ကြရင်း တီဗီရှေ့ထိုင်နေတုန်း ကျောင်းစည်းကမ်းထိန်းသိမ်းရေးကပါဆိုပြီး ရန်ဖြစ်ခြင်းဆိုတဲ့ ေခါင်းစဥ်တစ်ခုဖြင့်
ဝင်လာတဲ့ ဖုန်ခေါ်ဆိုမှုနေနာက် ဘတ်ခွန်းနီးနဲ့အတူ လိုက်သွားခဲ့ကြရာ ကိုယ့်သားရဲ့မျက်နာမှာ ထိရက်စရှိေအာင် ဒဏ်ရာအပြည့်။ သားရဲ့ မျက်နာကို မြင်တာနဲ့ ခပ်တင်းတင်းဆုပ်လိုက်တဲ့ လက်သီးဆုပ်တွေနှင့်အတူ ဘတ်ခ်ဟွန်းမျက်နာဟာလည်း ချက်ချင်းကို ခက်ထန်သွားခဲ့သည်။

JOYOUS Where stories live. Discover now