21

7.4K 991 80
                                    

မြင်နေရတဲ့ J&Bဆိုတဲ့ စာလုံးလေးတွေကပ်ထားတဲ့
မှန်တံခါးလေးက်ို ကြည့်လိုက်ရင်း
အသက်ဝဝတစ်ချက်ရှုသွင်းကာ ကားပေါ်က
ဆင်းဖို့ ချန်းယောလ်အားမွေးလိုက်သည်။

လက်ထဲက ငွေရောင်ဖိတ်စာကဒ်လေးကို
တယုတယကိုင်ရင်း အရင်လို အပြုံးတွေ
မတောက်ပတော့တာ ကြာပြီဖြစ်တဲ့
ဘတ်ခ်ဟွန်းနီး မျက်နာလေးကို ပြန်မြင်ယောင်မိတော့
ခြေလှမ်းတွေကို ပိုသွက်လိုက်မိသည်။

တွန်းဖွင့်လိုက်တာနဲ့ သာယာတဲ့ ခြူသံတိုးတိုးထွက်လာကာ တူညီဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းမလေး နှစ်ယောက်က ဦးညွှတ်ကြိုဆိုသည်။

" အန်တီနဲ့တွေ့ချင်လို့ပါ"

သူဆိုလိုလိုက်တဲ့ အန်တီဆိုတာကို သဘောပေါက်သွားတဲ့
ဝန်ထမ်းမလေးက ရုံးခန်းရှေ့ထိလိုက်ပို့သည်။

"သူဌေး အထဲမှာ ရှိပါတယ်ရှင့်"

တံခါးခေါက်သံအဆုံး "ဝင်ခဲ့ပါ"ဆိုတဲ့ အသံငြိမ်ငြိမ်
တစ်ခုကြားလိုက်ရတာမို့ အသာအယာတွန်းဖွင့်ကာ
ဝင်သွားလိုက်မိသည်။

မော့ကြည့်လာတဲ့ အန်တီဟာ ကိုယ့်ကိုတွေ့တာနဲ့
ခက်ထန်သွားတဲ့ မျက်နှာထား တင်းတင်းဟာ
ဒီရက်ပိုင်းလေးအတွင်း ဘတ်ခ်ဟွန်းနီးတူ
သိသိသာသာလျော့ကျသွားသည်။

" ထွက်သွား "

"ဖိတ်စာ လာပို့တာပါ အန်တီ"

" ငါတို့ကို ဂရုမစိုက်ဘူးဆိုတာ သိအောင်လာ
ပြောတာလား "

မျက်မှန်ကိုင်းလေးအောက်က ဘတ်ခ်ဟွန်းနီးနဲ့ဆင်တူတဲ့
မျက်ဝန်းတွေဟာ ကြေကွဲရိပ်တွေအပြည့်။

" ဘတ်ခ်ဟွန်းနီးက ပျော်မနေပါဘူး အန်တီ
ကျွန်တော်ပျော်နေသလောက် သူက မပျော်ပါဘူး
ဗိုက်ထဲက ကလေးလေးအတွက် သူအားတင်းပြီးနေနေရတာပါ ကျွန်တော်ရင်ခွင်ထပ် သူအခုချိန် အန်တီ့ရဲ့
ရင်ခွင်ကိုပိုတမ်းတနေတာပါ "

ဘတ်ခ်ဟွန်းနီးဆိုတဲ့နာမည်လေးကြားတာနဲ့
မျက်ရည်တွေအိုင်ထွန်းလာတဲ့ အန်တီဟာ
သားငယ်လေးကို တကယ်နှမြောနေခဲ့ပုံပဲ။

"  မင်္ဂလာပွဲမှာ ကျွန်တော့်မိသားစု တစ်ဖက်တည်းဆ်ို
ဘတ်ခ်ဟွန်းနီးက အရမ်းဝမ်းနည်းနေမှာ
အခုအန်တီ့ဆီကို လာတာလည်း သူမသိပါဘူး
သူအရမ်းကြောက်နေတာပါ အန်တီ ပြီးတော့ သူအရမ်းအားငယ်နေပါတယ်"

JOYOUS Where stories live. Discover now