40(2)

7K 852 19
                                    

"အဲ့" ဆိုတဲ့ ကလေးင်ိုသံကြားလို့ အိပ်ပျော်တာမကြာသေးတဲ့ ချန်းယောလ်ချက်ချင်းနိုးလာသည်။ လက်မောင်းပေါ်က အိပ်မောကျနေတဲ့ ဘတ်ခ်ဟွန်းကို အသာနေရာရွေ့ကာ ခြေရင်းက တဘတ်ကိုလည်း ခါးမှာ ကောက်ပတ်လိုက်ရသေးသည်။

တစ်နှစ်ပြည့်တော့မည်ဖြစ်တဲ့သားသားဟာ ခုတလော နေ့နဲ့ညမှားနေပုံရသည်။ ချန်းယောလ်နဲ့ ရုံးမှာဆို ဖြည့်စွက်စာကျွေးသည့်အချိန်မှလွဲ၍ ကျန်တဲ့အချိန် အိပ်နေတာများသည်။ ရုံးက ဝန်ထမ်းတစ်ချို့ကတောင် သားက ငြိမ်လိုက်တာ ငိုသံတောင်မကြားရဘူးလို့ ပြောသည်အထိ။ တကယ်တော့ ပိစိကွေးဟာ ညဆို ထထငိုပြီးမအိပ်သဖြင့် နေ့လည်တွေဆို
အိပ်နေတတ်တာဖြစ်သည်။

" ကျွတ် ကျွတ် သားလေး ဘာဖြစ်လို့လဲ "

သားကို ကောက်ချီလိုက်ကာ နည်းနည်းဟိုလှုပ်သည်လှုပ်
ချော့တော့ သားက တိတ်သွားသည်။ ဘေးက ညအတွက် အသင့်ထားတဲ့ နို့ဘူးလေးကို ပါးစပ်မှာတေ့လိုက်တော့
တပြွတ်ပြွတ်နဲ့ စို့ကာ ပြန်ငြိမ်ကျသွားသည်။

တကယ်တော့ မနက်ဖြန် ဘတ်ခ်ဟွန်းနီး ဂျူတီနားရက်မို့
ချစ်တမ်းကစားထားကြသည်ကြောင့် ချန်းယောလ်လည်းအရင်နေ့တွေကထက်ပိုပင်ပန်းကာ တော်တော် အိပ်ချင်နေပြီဖြစ်သည်။ ဘတ်ခ်ဟွန်းနီးကလည်း ၆လ extension ပြန်ဆင်းကာ ဘွဲ့ရခါစ ဆရာဝန်ပေါက်စလေးဖြစ်နေပြီဖြစ်သည်။ သားကတော့ မေ့အိမ်မှာကြီးပြီး တစ်ခါတလေ
ချန်းယောလ်ရုံးကို နို့ဘူးအပြည့်အစုံနဲ့ ပါလာတတ်သည်။

ဘတ်ခ်ဟွန်းနီးကလည်း အားလပ်ချိန်မှန်သမျှ သားအပေါ် အကုန်ပုံပေးတက်သည်။ အိမ်ထောင်ကျတာစောလွန်းတာမို့ ကလေးတစ်ယောက်နှင့် သူတို့နှစ်ယောက်ဟာ ဘယ်လောက် ကမောက်ကမတွေဖြစ်လည်းဆိုတာ သူတို့နှစ်ယောက်ပဲသိသည်။ သားကလည်း အေးဆေးတဲ့ကလေးမို့သာ တော်သေးသည်။

အခန်းထဲဟိုလျှောက် ဒီလျှောက်ရင်း ချီထားတဲ့ သားကိုငူံ့ကြည့်တော့ ပြန်အိပ်သွားပြီးမို့ ဘေးက အကာလေးတွေပါတဲ့ သူ့အိပ်ယာလေးထဲ သာသာလေးပြန်ချလိုက်သည်။

နို့ဘူးလေးပြန်ယူလိုက်တော့ ကျန်ခဲ့တဲ့ နှုတ်ခမ်းသေးသေးလေးက ချွန်လို့။ လူကောင်လေး ညက်ပေမယ့် သားက ကျန်းကျန်းမာမာပဲမို့ ဝမ်းသာရသေးသည်။ အခုထိတော့ ဆေးရုံကို ၃လတစ်ခါ စစ်ဆေးမှုပြုလုပ်နေရသေးပေမယ့် သားဟာ တကယ်ကို အေးသည်။

JOYOUS Where stories live. Discover now