3

7.7K 1K 28
                                    

ချန်းယောလ်ကပဲ ကံကောင်းတယ်ပြောရမလား
ဆေးကျောင်းက သူငယ်ချင်းတစ်ယောက်က
ဘတ်ခ်ဟွန်းနဲ့ တစ်ခန်းထဲ ဖြစ်နေသည်။

သူငယ်ချင်းဆိုပေမယ့် အီစီကလိ အဆင့်ထိရောက်ဖူးတဲ့
သူငယ်ချင်းမလေးမို့ ချန်းယောလ်က နှုတ်နှေးနေသည်။

ဘတ်ခ်ဟွန်း အမြင်စောင်းသွားလို့ မရဖူးမလား ။

" မင်းကလည်းကွာ ဒီလောက်လေးတော့
ဘာမှမဖြစ်ပါဘူးကွာ ဟီးယောင်းက
အခုလည်း သူ့ရည်းစားနဲ့ သူပါကွာ "

ရီရှင်းပြောတာလည်း မှန်နေတဲ့အပြင်
ဆေးကျောင်းတစ်ခုလုံးမှာလည်း သူမကလွဲ၍
အသိမရှိတော့လည်း ။

ဆေးကျောင်း ကန်တင်းက ကိုယ်တွေကျောင်းနဲ့ သိပ်မခြားနားသော်လည်း လူအနည်းငယ်ပိုရှင်းသည်။

မနေ့ညက ဟီးယောင်းကို "ဒီနေ့အားရင်
ကျောင်းလာခဲ့လို့ရမလား"မေးတော့
သူမက လာခဲ့လို့ရကြောင်းပြောလာသည်မို့
အခု တစ်ယောက်ထဲ ဆေးကျောင်းသို့ရောက်နေခြင်း ။

ရီရှင်းကတော့ သူ လိုက်နေတဲ့အစ်မ တစ်ယောက်နဲ့
ကိစ္စရှိလို့ မလိုက်ဖြစ်။

"  ကဲပြောပါအုန်း ငါ့ကို ထူးထူးဆန်းဆန်း
ဆက်သွယ်လာရတဲ့ အကြောင်း "

အအေးဘူးတစ်ဘူးကို  ကိုယ့်ရှေ့ချပေးရင်း
ဟီးယောင်းက ဆိုသည်။

" ငါ ပွင့်ပွင်လင်းလင်းပဲပြောမယ်ဟာ
ဒီမှာ "

ဖုန်းမျက်နာပြင်ထပ်က ဘတ်ခ်ဟွန်းပုံကို
ပြလိုက်တော့ ဟီးယောင်းက

" ဟဲ့ အဲ့တာ ဗြောင်ဘတ်ခ်ဟွန်း မလား "

ခေါင်းငြိမ့်ပြမိတော့ သူမက
မျက်လုံးအနည်းငယ် ပြူးလာကာ
အံဩသလို လုပ်နေသည်။

"နင်တို့ တွဲနေတာလား"

ရင်ထဲထိ အေးချမ်းသွားတာပဲ။
ဒါပေမယ့်လည်း စိတ်ကူးယဉ်အဆင့်ပဲရှိသေးပြန်တော့။

"မဟုတ်ပါဘူးဟာ ငါက အခုမှ လိုက််မလို့ "

"အဲ့တော့ informations ငါ့ဆီက လာတောင်းတယ်ပေါ့"

ရယ်ရင်း ခေါင်းငြိမ့်ပြတော့ မျက်စောင်းထိုးသည်။

"နင်ငါ့တုန်းကသာ အဲ့လို လိုက်ရင် နင်နဲ့ငါနဲ့
ညားနေလောက်ပြီ ကောင်စုတ်ရဲ့ "

JOYOUS Where stories live. Discover now