14

9.3K 998 50
                                    

"ဘာပြောမလို့လဲ ငယ်လေး ပြောစရာမရှိရင်
မေ မျက်စိနောက်အောင် မလုပ်နဲ့ "

ဧည့်ခန်းကစားပွဲပေါ် မှာ စာရင်းစာအုပ်တွေ
ဘောင်ချာစာအုပ်တွေ ဂဏန်းပေါင်းစက်တွေနဲ့
အလုပ်ရှုပ်နေတဲ့ မေမေက
သူယောင်လည်လည်လာလုပ်နေတာကို
မျက်စိနောက်လာသည်ထင် မျက်လုံးတွေပင့်ကြည့်ကာ
ဆိုလာသည်။

"အဟီး မေ့"

တစ်ချက်သွားဖြီးကာ ရယ်ပြလိုက်ပြီး
မေ့ရဲ့ ဘေးကို အတင်းတိုးဝှေ့ကာ ကပ်ထိုင်ချလိုက်သည်။

" အခု သားက အလုပ်သင်လည်းဆင်းရတော့မယ်မလား"

စကားဦးသမ်းတော့ မေမေက ကိုယ့်အကြောင်း
နောကြေနေသူပီပီ ကိုယ်တစ်ခုခုပူဆာတော့မယ်ဆိုတာ
ကြိုသိနေသလို ခေါင်းသာငြိမ့်ပြသည်။

"အဲ့တာလေ "

"ကဲ ငယ်လေး ပြောစရာရှိတာ ပြော
မေမေ လချုပ်တွေနဲ့ ရှုပ်နေတယ်"

" သားလေ သူငယ်ချင်းတွေနဲ့ ခရီးလိုက်သွားချင်လို့ "

အသက်အောင့်ကာ ပြောချလိုက်ပြီး
မေမေကိုကြည့်လိုက်တော့ ထင်သည့်အတိုင်း
မျက်ခုံးတို့က တွန့်ချိုးလို့ ။

ကိုကြီးတုန်းက ဒီလောက်မတင်းကြပ်ခဲ့ပဲ
ဘာလို့ ကိုယ့်အလှည့်ကျမှ မေမေဟာ သဲသဲလှုပ်
မျက်စိအောက်က အပျောက်မခံမှန်းမသိ။

အဲ့တာတောင် ရည်စားခိုးထားခဲ့တဲ့ ၂နှစ်ကျော်
ကာလကြီးဟာ  ဘယ်လိုပြီးသွားမှန်းမသိ ။

"ဘယ်သူတွေနဲ့လဲ ဘုံဘုံးတ်ို့နဲ့ဆိုရင်တော့
မေမေတို့ပါလိုက်မယ် "

အဲ့မှာ ပြသာနာက စပြီ။ သွားမှာက ချန်းယောလ်တို့
အုပ်စုနဲ့ ။ဘုံဘုံးကလည်း အိမ်ကိုပြောကြည့်အုန်းမယ်
ဆိုလို့ သေချာ ဇာတ်မတိုက်ရသေး။

"ဟို ဟို သားသူငယ်ချင်းတွေနဲ့ပါ ဘုံဘုံးက
လိုက်မယ်လို့တော့ပြောတယ် "

"ဘယ်သွားမှာလဲ "

" အရှေ့ပင်လယ်မေမေ ၂ညအိပ်ပဲလေ"

"  သွားမှဖြစ်မှာလား ငယ်လေးရယ် "

"မေမေကလည်း ကျောင်းပြီးတော့ သူငယ်ချင်းတွေနဲ့
ဒီအတိုင်း "

JOYOUS Where stories live. Discover now