15

9.5K 982 20
                                    

ဘတ်ခ်ဟွန်းနီးကို ရေချိုးနွေးနွေးထွေးထွေးဝတ်ပေးကာ ငြိမ်ငြိမ်လေးထိုင်ခိုင်းထားပြီး ချန်းယောလ်မှာ ရေပြေးချိုးရသေးသည်။

ရင်ဘတ်ထဲအထိ ကြည်နူးပီတိဖြာနေတာမို့
မျက်နာက ပြုံးနေမယ်ဆိုတာ မှန်ကြည့်စရာတောင်လိုမယ်မထင်။

ကြာကြာကြည်နူးမနေနိုင် အရှေ့မှာ ဘတ်ခ်ဟွန်းနီး
တစ်ယောက်ထဲမို့ ခေါင်းလျှော်နေရင်း ထွက်လာတဲ့ ဆပ်ပြာမြုပ်တွေနဲ့သာခန္ဓာကိုယ်အနှံ့ပွတ်တိုက်လိုက်ကာ
ရေချိုးခြင်းကို မြန်မြန် အပြီးသတ်လိုက်သည်။

Bathrobe ကို ခပ်မြန်မြန်ဝတ်လိုက်ပြီး နောက်တဘတ်
တထည်ကို ခေါင်းသုတ်လိုက်ရင်း
ရေချိုးခန်းထဲကထွက်လာလိုက်သည်။

ဟိုတယ်ခန်းထဲက တီဗီမှာ လာနေတဲ့ အစီအစဉ်တစ်ခုကို
ထိုင်ကြည့်နေတဲ့ ဘတ်ခ်ဟွန်းနီးက ဟူဒီဖြူဖြူကြီးထဲမှာ
မြုပ်လို့။

TVဆီ အာရုံရောက်နေတာလား အရှက်သည်းနေတာလား
သေချာမသိပေမယ့် ဘတ်ခ်ဟွန်းက
ကိုယ့်ကိုလှည့်တောင်မကြည့်တော့။

ချစ်သူသက်တမ်း ၂နှစ်ကျော် ၃နှစ်နီးပါး
အနမ်းတွေနဲ့တောင် မကြမ်းတမ်းခဲ့ဖူးတာမို့
ဒီလိုအခြေအနေမှာ ဘတ်ခ်ဟွန်းနီး အရှက်သည်းနေတာလည်း မငြိုငြင်ရက်။

Coffee  makerလေးနဲ့တွဲရက် လျှပ်စစ်ရေနွေးအိုးလေးပါ
ထည့်ပေးထားတာမို့ သူရေနွေးအိုးအရင်တည်လိုက်သည်။

"နေလို့အဆင်ပြေရဲ့လား ဘတ်ခ်ဟွန်းနီး"

နဖူးကို လက်ဖဝါးနဲ့ အုပ်ကိုင်ကာ ကိုယ်ငွေ့နွေးနေလား
စမ်းသပ်ရင်းမေးတော့ "အင်း"ဆိုတဲ့ တစ်လုံးသားဖြေသည်။

" ချန်းယောလ် "

" ဘတ်ခ်ဟွန်းနီး ဘာလိုလို့လဲ"

ရေနွေးကရပြီမို့ ကော်ဖီဖျော်နေတုန်း
ကိုယ့်ကို ခေါ်လာတာမို့ အသည်းအသန်းထူးရင်း
အပြေးသွားရသေးသည်။

" ဟို luggage ထဲက အိတ်ငယ်ထဲမှာ
ဆေးထုပ်ပါတယ် တစ်ချက်ယူပေး "

JOYOUS Where stories live. Discover now